FREE AND SHARE IT အကြောင်း (About Page)
FnS IT Blog မှ ကြိုဆိုပါတယ်။
တရားဝင် (Official Software/Application) အစစ်အမှန် များကိုသာ အခမဲ့ ဝေမျှပါသည်။
အခုလို ကျနော့ Blog လေးအကြောင်းဆို စိတ်ဝင်စားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Blog ၏ အဓိက ရည်ရွယ်ချက်
FnS IT Blog ဟာ Pirate Software (ကွန်ပျူတာ CD အရောင်းဆိုင်တွေမှာ ၅၀၀ ၁၀၀၀ လောက်နဲ့ ဝယ်သုံးနေတဲ့ Software မျိုး) တွေနဲ့ ကွန်ပျူတာဆိုတာကြီးကို စသိခဲ့ကြတဲ့ ကျနော်တို့ နိုင်ငံသားတွေအနေနဲ့
- Official License Softwareတရားဝင် သုံးခွင့် ပေးထားသော အစစ်အမှန် တွေကို သုံးစေချင်တဲ့ ဆန္ဒ၊
- အခမဲ့ Free Version တွေ သုံးမယ့်အစား ပိုပြီးကောင်းမွန်တဲ့ Feature တွေ ပါတဲ့ Paid version, License version တွေကို သုံးစေချင်တဲ့ ဆန္ဒ၊
- အထူးသဖြင့် User Privacy Vulnerable နဲ့ hardware problems တွေဖြစ်တတ်တဲ့ Pirate Software တွေရဲ့ အန္တရာယ်က တတ်နိုင်သလောက်လေး လျော့နည်းစေချင်တဲ့ ဆန္ဒ
- ယုံကြည်စိတ်ချရမှုမရှိတဲ့ (ဝါ) အန္တရာယ်ရှိလား မရှိလား မသိရတဲ့ နေရာ အရင်းအမြစ်(Website) တွေက Software တွေအစား အတတ်နိုင်ဆုံး Official Website ဒါမှမဟုတ် ယုံကြည်စိတ်ချရသော တဆင့်ခံ (Third Party) Website တွေကသာ ရယူ အသုံးပြုစေချင်တဲ့ ဆန္ဒ တွေနဲ့
တတ်နိုင်သမျှ ကြိုးစားရှာဖွေပြီး ဝေမျှထားတာဖြစ်ပါတယ်။ အားလုံးကို Official Version မသုံးနိုင်သေးရင်တောင်မှ Official Website တွေက Promotion ပေးတဲ့အနေနဲ့ အခမဲ့ ပေးနေတာမျိုးတွေကို ရှာဖွေပြီး ပြန်လည်ဝေမျှတာဖြစ်ပါတယ်။
လာရောက်ဖတ်ရှုသူများ အနေနဲ့ Software တွေ၊ တင်ထားတဲ့ post တွေနဲ့ ပတ်သက်လို့ တစုံတခုများ သိချင်၊ ပြောချင် ခဲ့ရင် အားမနာပါနဲ့။ comment box မှာ ရေးခဲ့လို့ရပါတယ်။ ကျနော့ အနေနဲ့ အတတ်နိုင်ဆုံး ဖြေရှင်းပေးပါတယ်။ ဒါပေမယ့် ကျနော်ပေးတဲ့ Solution ဟာ ရာနှုန်းပြည့် သင့်တော်မှန်ကန်မယ် လို့ အာမ မခံပါဘူးခင်ဗျာ။
Post အသစ်တင်တိုင်း
- Email ကနေတိုက်ရိုက်ရချင်တယ်ဆိုရင် မိတ်ဆွေရဲ့ Email ကို Sidebar က Follow By Email ထဲ ထည့်ခဲ့ပါ။
- Facebook ကနေ ကြည့်ချင်တယ်ဆိုရင်တော့ Facebook Page ကို Liked လုပ်ထားပါ။
အစအဆုံး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။