Wednesday, July 30, 2014

AVG Internet Security 2014 1 year License Free Download

AVG Internet Security 2014 1 year license Free

AVG Technologies ကထုတ်လုပ်တဲ့ AVG Anti-Virus Free Edition ဟာ လူသုံးများတဲ့ Anti-Virus တခုဖြစ်သလို မြန်မာပြည်မှာ ထင်ရှားတဲ့ application တခုဖြစ်ပါတယ်။ 
ဒါပေမယ့် အင်တာနက် အသုံးများလာတဲ့ ဒီနေ့ခေတ်မှာတော့ Internet Security Suite ဟာ ရိုးရိုး Anti-Virus Free Edition ထက် အများကြီး ပိုပြီး လုံခြုံစိတ်ချရပါတယ်။ တကယ်တမ်း သာပြောရမယ်ဆိုရင် ကွန်ပျူတာ တလုံးဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားမယ်ဆိုရင် Internet Security Suite တခုကတော့ မဖြစ်မနေ သုံးစွဲသင့်ပါတယ်။

AVG Internet Security Suite မှာ AVG Anti-Virus Free Edition ရဲ့ဝန်ဆောင်မှုတွေအားလုံးပါတဲ့ အပြင် တခြား online နဲ့ ပတ်သက်တဲ့ ပိုမို ထိရောက်တဲ့ ကာကွယ်မှုတွေ ပါဝင်ပါတယ်။ အင်တာနက်၊ အီးမေးလ်၊ ဈေးဝယ်ခြင်း၊ ဘဏ်စနစ်သုံးခြင်း၊ လူမှုကွန်ယက် တွေ သုံးတဲ့အခါ AVG Anti-Virus Free Edition ထက် ပိုပြီးလုံခြုံစိတ်ချရသော ကာကွယ်မှုကိုပေးပါတယ်။

Tuesday, July 29, 2014

TwinkiePaste — Paste Text Snippets Full Version Free Download

TwinkiePaste 1.77

TwinkiePaste ဆော့ဝဲလ်ကလေးက စာတို(Note) လေးတွေမှတ်တတ်တဲ့သူတွေအတွက် အရမ်းအသုံးဝင်တဲ့ ဆော့ဝဲလ်လေးတခုပါ။ မကြာခဏ စာအုပ်တွေ ဖတ်တဲ့အခါ၊ အင်တာနက်ထဲမှာ စာရှာတဲ့အခါ စာတိုလေးတွေမှတ်ပြီး ဘယ်မှာပြန်ရှာရမှန်းမသိဖြစ် တတ်တဲ့သူတွေ အတွက်ကတော့ အရမ်းအသုံးဝင်တဲ့ ဆော့ဝဲလ်လေးပါ။ 
Note တွေတင်မကပါဘူး။ အင်တာနက် လိပ်စာတွေ၊ ဆက်သွယ်ရမယ့် လိပ်စာတွေ၊ programmer တွေအတွက် code segment လေးတွေ၊ စတဲ့စတဲ့ စာတိုလေးတွေ အားလုံးကို ကိုယ်ဖတ်လက်စ၊ သုံးလက်စ၊ လုပ်လက်စ software ကိုပိတ်စရာမလိုပဲ မှတ်နိုင်တဲ့ software လေးပါ။ အဲ့ဒီ ဆော့ဝဲလ်လေးက ကျနော့ရဲ့ နေ့စဉ် လုပ်ငန်းတွေမှာ အများကြီး အသုံးဝင်သလို၊ ကိုယ်မှတ်ထားတဲ့ စာတိုလေးတွေကို ခက်ခက်ခဲခဲ ပြန်ရှာရတဲ့ ဒုက္ခကို ဖြေရှင်းပေးခဲ့ပါတယ်။ 

TwinkiePaste ကိုဘယ်လိုသုံးသလဲ။
၁။ ကိုယ်မှတ်ချင်တဲ့ စာကို Copy လုပ်လိုက်ပါ။ (TwinkiePaste) က သူ့ရဲ့ database (XML) ထဲမှာသိမ်းသွားပါလိမ့်မယ်။ 
၂။ ကိုယ် ပြန်လိုချင်တဲ့အခါ hotkey (Ctrl+Alt+Enter) လေးကိုသာနိုပ်လိုက်ပါ။ 
၃။ Menu လေးတခုပေါ်လာပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ စာလေးကိုရှာပြီးသာ နှိပ်လိုက်ပါ။
၎။ ကိုယ်လိုချင်တဲ့စာလေး ပြန်ရပါပြီ။ 

အဲ့ဒီဆော့ဝဲလ်ရဲ့ official website  http://amlpages.com/twinkiepaste.shtml မှာ ရောင်းဈေးက $19 ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉ ဒေါ်လာတန် ဆော့ဝဲလ် ကို (၂၉.၀၇.၂၀၁၄ - ၁.၃၀ နေ့လည်) မတိုင်မှီ install လုပ်ပြီး register လုပ်မယ်ဆိုရင် အခမဲ့ ရနိုင်ပါတယ်။ အောက်က လင့်ခ်မှာ အခမဲ့ရယူနိုင်ပါတယ်။