AVG Internet Security 2014 1 year license Free
AVG Technologies ကထုတ်လုပ်တဲ့ AVG Anti-Virus Free Edition ဟာ လူသုံးများတဲ့ Anti-Virus တခုဖြစ်သလို မြန်မာပြည်မှာ ထင်ရှားတဲ့ application တခုဖြစ်ပါတယ်။
ဒါပေမယ့် အင်တာနက် အသုံးများလာတဲ့ ဒီနေ့ခေတ်မှာတော့ Internet Security Suite ဟာ ရိုးရိုး Anti-Virus Free Edition ထက် အများကြီး ပိုပြီး လုံခြုံစိတ်ချရပါတယ်။ တကယ်တမ်း သာပြောရမယ်ဆိုရင် ကွန်ပျူတာ တလုံးဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားမယ်ဆိုရင် Internet Security Suite တခုကတော့ မဖြစ်မနေ သုံးစွဲသင့်ပါတယ်။
AVG Internet Security Suite မှာ AVG Anti-Virus Free Edition ရဲ့ဝန်ဆောင်မှုတွေအားလုံးပါတဲ့ အပြင် တခြား online နဲ့ ပတ်သက်တဲ့ ပိုမို ထိရောက်တဲ့ ကာကွယ်မှုတွေ ပါဝင်ပါတယ်။ အင်တာနက်၊ အီးမေးလ်၊ ဈေးဝယ်ခြင်း၊ ဘဏ်စနစ်သုံးခြင်း၊ လူမှုကွန်ယက် တွေ သုံးတဲ့အခါ AVG Anti-Virus Free Edition ထက် ပိုပြီးလုံခြုံစိတ်ချရသော ကာကွယ်မှုကိုပေးပါတယ်။
AVG Internet Security 2014 ရဲ့ PC acceleration technology ဟာ Online မှတဆင့် ရုပ်ရှင်ကြည့်ခြင်း၊ အင်တာနက် အသုံးပြုခြင်း၊ ဂိမ်းကစားခြင်းတွေ ပြုလုပ်ရမှာ AVG Internet Security 2014 auto update လုပ်ခြင်း၊ scan ဖတ်ခြင်းတို့ကြာင့် လုံးဝ အနှောက်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။
AVG Internet Security 2014 မှာ သုံးစွဲသူတွေရဲ့ ကိုယ်ပိုင် အချက်အလက်တွေကို ကာကွယ်ပေးတဲ့ စနစ် (privacy protection) မှာ "Do Not Track" ဆိုတဲ့ စနစ်တခုပိုမိုပါဝင်လာပြီး အင်တာနက် ဝက်ဘ်ဆိုဒ်တွေကတဆင့် သုံးစွဲသူတွေရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ရယူတာမျိုးကို ကာကွယ်ပေးပါတယ်။ (Do Not Track စနစ်ကို သုံးဖို့အတွက် AVG Security Toolbar ကို install လုပ်ဖို့တော့ လိုအပ်ပါတယ်။) AVG Firewall, Anti-Spam, Identity Protection (File Shredder & Data Safe) and Wifi hacker-defeating Technology တွေပါဝင်တဲ့အတွက် အင်တာနက် အသုံးပြုတဲ့ ကွန်ပျူတာတွေအတွက် လုံလောက်တဲ့ကာကွယ်မှုကိုပေးပါတယ်။
AVG Internet Security 2014 ကို ပုံမှန်အားဖြင့် ၃၀ ရက် (၁ လ) အစမ်းအသုံးပြုခွင့်ရပါတယ်။ စမ်းသုံးစွဲပြီး ကြိုက်နှစ်သက်လို့ ဝယ်မယ်ဆိုရင် ကွန်ပျူတာ တလုံး ၁ နှစ် အသုံးပြုဖို့အတွက် ပုံမှန်ဈေးနှုန်း $54.99 နဲ့ Official Site ရောင်းပါတယ်။
ယခု ၁ နှစ် အခမဲ့ သုံးခွင့် လိုင်စင်က Huawei dongle သုံးစွဲသူတွေအတွက် ပေးတာဖြစ်ပေမယ့်၊ လူတိုင်း ရယူသုံးစွဲနိုင်ပါတယ်။ Huawei dongle edition ရဲ့ ပုံစံ၊ ပါဝင်တဲ့ စနစ်တွေနဲ့ လုံခြုံရေးစနစ် တွေအားလုံးဟာ ရောင်းချနေတဲ့ version နဲ့ အားလုံးအတူတူပါပဲ။ တူညီတဲ့ ဝန်ဆောင်မှုကို ရရှိမှာဖြစ်ပါတယ်။
ဒါပေမယ့် သိထားဖို့လိုတာလေးတခုကတော့ AVG ရဲ့တခြား trial version 2014 software တခုကို သုံးစွဲထားမယ်ဆိုတော့ အခု SPECIAL EDITION ကို သုံးလို့ရမှာ မဟုတ်ပါဘူး။ ဆိုလိုတာက ပုံမှန် download မှာ ရက် ၃၀ ပဲ စမ်းသပ်သုံးစွဲခွင့်ရပေမယ့် အခု Huawei edition ရဲ့ စမ်းသပ် သုံးစွဲခွင့်က ၁ နှစ် (၃၆၇ ရက်) ခွင့်ပြုထားလို့ပဲဖြစ်ပါတယ်။
အောက်ကလင့်ခ်မှာ Download ရယူပါ။
Download AVG Internet Security 2014 free 1 Year Trial version [offline installer] from links given below:
AVG Internet Security 2014 Free 1 Year Trial Version: 32 Bit 153.68 MB
AVG Internet Security 2014 Free 1 Year Trial Version: 64Bit 166.96 MB
အခု Download လုပ်လိုက်တဲ့ Application ဟာ pre-activated ဖြစ်ပြီး မည်သူမဆို အသုံးပြုနိုင်ပါတယ်။
မှတ်ချက်။ ။ ဒီ Huawei Edition ကို Jun 12 2013 ကတည်းက စတင်ပေးခဲ့တာဖြစ်ပြီး အခုထိတော့ သုံးလို့ရနေပါသေးတယ်။ သုံးလို့မရတော့ဘူးဆိုရင်တော့ အောက်က tools လေးတွေကိုသုံးပြီး အလွယ်တကူ ပြန်ဖြုတ်နိုင်ပါတယ်။
AVG Remover 2014 (32 bit) 3.22 MB
AVG Remover 2014 (64 bit) 3.22 MB
Avg Internet Security 2014 1 Year License ~ And Share It >>>>> Download Now
ReplyDelete>>>>> Download Full
Avg Internet Security 2014 1 Year License ~ And Share It >>>>> Download LINK
>>>>> Download Now
Avg Internet Security 2014 1 Year License ~ And Share It >>>>> Download Full
>>>>> Download LINK