Credit Card မလိုပဲ US Apple ID ITunes Account ဖွင့်နည်း
အလကားရတဲ့ Application ကိုတောင် ကိုယ့်နိုင်ငံမှာ ဈေးကြီးကြီး မျက်နှာထားတင်းတင်းနဲ့ ရောင်းနေတဲ့ ဖုန်းဆိုင်တွေမှာ ဝယ်နေရတဲ့ သူတွေ၊ Jail Break မလုပ်ချင်ပဲ Official မှ သုံးချင်တဲ့ သူတွေ အဲ့လို Apple ချစ်သူတွေအတွက်ပါ။
အရင်ဆုံး ပြောချင်တာက အဆင့်လေးတွေကို အရင်ဆုံး သေသေချာချာ ဖတ်ပါ။ လိုတာလေးတွေ အရင်လုပ်ပါ။ ပြီးမှ အောက်ဆုံးမှာ တင်ပေးထားတဲ့ Screenshot တွေ အတိုင်း လုပ်သွားပါ။ ပိုလွယ်ပါလိမ့်မယ်။ စာဖတ်လိုက် Screenshot ကြည့်လိုက်၊ လုပ်လိုက် ဆိုရင် Apple ID ဖွင့်တဲ့အခါ Session Timeout ဖြစ်တာ၊ ကြားအဆင့်တွေမှာ အမှားမှား အယွင်းယွင်း ဖြစ်တာမျိုးတွေ ဆိုရင် အစအဆုံး ပြန်လုပ်ရတတ်လို့ပါ။
၁။ Apple ရဲ့ Official Website မှာ ITunes Latest Version ကို Download ဆွဲလိုက်ပါ။ Download ဆွဲတဲ့အခါ News Letter Checkbox လေးတွေကို ဖြုတ်ခဲ့ဖို့ မမေ့ပါနဲ့။ ပြီးရင် Install လုပ်လိုက်ပါ။ (အခု အဆင့်ကိုတော့ ကျနော် Screenshot မတင်တော့ပါဘူး။ လုပ်နိုင်မယ်ထင်လို့ပါ။ ကျန်တဲ့အဆင့်တွေ အားလုံးကိုတော့ Post အောက်ဆုံးမှာ စုပြီး တင်ပေးထားပါတယ်)
၂။ ပြီးရင် ITunes ကို Run လိုက်ပါ။ သူရဲ့ ဘယ်ဘက် အပေါ်ထောင့် က Menu Icon လေးကနေ ITunes Store ကိုရွေးလိုက်ပါ။ ပုံ ၁ ထဲက အတိုင်းပေါ့။
၃။ ITunes Store ကို ရောက်ပြီ ဆိုရင် ညာဘက် အောက်ထောင့် နားလေးက Change Country ဆိုတဲ့ စာလေးကို နှိပ်ပြီး အမေရိကန်နိုင်ငံ အလံပုံ အပိုင်းလေးကို ရှာရွေးလိုက်ပါ။ ခဏစောင့်ပါ။ အောက်က ပုံ ၂ အတိုင်း ဖြစ်ရပါမယ်။
၎။ အပေါ်က Navigation Bar ပေါ်က App Store ဆိုတာလေးကို ရွေးပါ။ ပြီးရင် သူက Download App ရဲ့ Default Device ကို IPhone လို့ ရွေးပေးထားပါတယ်။ ကိုယ်က IPad အတွက် Download လုပ်ချင်တာဆိုရင် IPad ကိုပြောင်းပေးလိုက်ပါ။ အခုကတော့ IPhone လေးအတိုင်းပဲ ထားပေးထားပါတယ်။ အောက်က ပုံ ၃ ကိုကြည့်ပါ။
၅။ ပြီးရင် Free App တခုခု ကို ဝယ်လိုက်ပါ။ ဒီမှာကတော့ ညာဘက် Sidebar ရဲ့ Top Free App ထဲက ကိုယ်လိုမယ် ထင်တဲ့ App တခုခု ကို ရွေးထားပါတယ်။ ပုံ ၄ မှာ ပြထားပါတယ်။
၆။ အဲ့ဒါဆို Apple ID တောင်းပါလိမ့်မယ်။ ကိုယ့်မှာမရှိတဲ့အတွက် Create Apple ID ဆိုတာလေးကို နှိပ်လိုက်ပါ။ ပုံ ၅ ပါ။
၇။ ပြီးရင် Continue နှိပ်ပါ။ ပုံ ၆ ပါ။
၈။ Terms and Conditions and Apple Privacy Policy ကို ပုံ ၇ မှာ ပြထားတဲ့ အတိုင်း Checkbox ကို click ပြီး Agree ကို နှိပ်ပါ။
၉။ Email, Password, Confirm Password, Security Question ၃ ခု၊ Optional Rescue Email (မဖြည့်လဲရပါတယ်) နဲ့ မွေးနေ့ တွေကို ဖြည့်ပေးရပါမယ်။ ပြီးရင် အနီအဝိုင်းလေးပြထားတဲ့ Checkbox ၂ ခုကို ဖြုတ်ထားခဲ့ပါ။ အဲ့ဒါတွေဖြည့်တဲ့အခါ ပုံ ၈ မှာ ပြထားသလို ဘေးမှာ Notepad လေးနဲ့ ဒါမှမဟုတ် စာရွက်ကလေးပေါ်မှာဖြစ်ဖြစ် ချရေးထားပါ။ ပြီးမှ ကိုယ့် email ထဲ ဒါမှမဟုတ် တနေရာရာ မှာ ပြန်သိမ်းထားလို့ရပါလိမ့်မယ်။ အားလုံးဖြည့်ပြီးရင် Continue ကိုနှိပ်ပါ။
၁၀။ Provide Payment Method ရောက်ရင် အောက်က Payment Type မှာ None ဆိုတာလေးတွေ့ပါလိမ့်မယ်။ ပုံ ၉ မှာကြည့်ပါ။ None မတွေ့ရင်တော့ တခုခုမှားနေပါပြီ။ အစကနေ (နံပါတ် ၂ ကနေ) ပြန်လုပ်ပါ။ Redeem Code ကထည့်စရာ မလိုပါဘူး။ Billing Address က United State က Address ဖြစ်ဖို့လိုပါတယ်။ ရမ်းဖြည့်လို့မရပါဘူး။ အဲ့ဒီ US address ကိုအောက်က ပုံ ၉ မှာ ဘယ်မှာယူရမလဲ ပြထားပါတယ်။
၁၁။ ပုံ ၁၀ ကတော့ US Address ယူရမယ့် Website ကနေ ဘယ်လိုယူရမလဲဆိုတာ ပြထားတာပါ။

၁၂။ ပုံ ၁၁ မှာတော့ US Billing Address ဖြည့်ပြီးသားပုံပါ။ ပြီးသွားရင် Create Apple ID ကို နှိပ်လိုက်ပါ။
၁၃။ ပုံ ၁၂ အတိုင်း ကိုယ်ဖြည့်ထားတဲ့ Email ကို Verification Email ပို့လိုက်ပြီ လို့ ပြောပါလိမ့်မယ်။ အဲ့လို မပြောပဲ Session Time Out ဖြစ်သွားပြီဆိုရင်တော့ အဆင့် ၄ ကနေ ပြန် စ လုပ်ပါ။
၁၄။ Email ပို့ထားပြီးပြီ လို့ ပြောရင်တော့ ကိုယ့် Email ထဲမှာ သွားရှာပါ။ ပုံမှန်ကတော့ Inbox ထဲမှာပဲရှိပါတယ်။ မတွေ့ရင် Spam ထဲမှာ ကြည့်ပါ။ ပုံ ၁၃ မှာ ပြထားသလိုမျိုး Verify Email လေးပါ။ Verify Now > ဆိုတာလေးကို နှိပ်လိုက်ပါ။
၁၅။ ကိုယ့် Computer ရဲ့ Default Browser မှာ Apple ID ကို Verify လုပ်ခိုင်းပါလိမ့်မယ်။ ပုံ ၁၄ ပါ။ ကိုယ့် ဖြည့်ထားတဲ့ Email နဲ့ Password ကို သုံးပြီး Sign In ဝင် လိုက်ပါ။
၁၆။ ပုံ ၁၅ အတိုင်း Email Verified ဆိုရင် Apple ရဲ့ US ITunes Account ဖွင့်လို့ပြီးပါပြီ။ အခုဖွင့်ထားတဲ့ Account နဲ့ Computer ITunes မှာလဲ ဝယ်လို့ရသလို IPhone, IPad တို့ကနေလဲ ဝယ်လို့ရပါပြီ။
ဘာလို့ တခြားနိုင်ငံ မဖွင့်ပဲ US Regionကိုရွေးပြီး Account ဖွင့်ရတာလဲ ဆိုတာလေး နဲနဲ ပြောပြချင်ပါတယ်။
Paid App (ဝယ်ရတဲ့ application) တော်တော်များများကို Free အနေနဲ့ Promotion ပေးတာ US, UK, AUS, Canada တွေမှာပဲများပါတယ်။ အဲ့ဒီထဲကမှ US က အများဆုံး၊ အကောင်းဆုံးပါပဲ။
ကိုယ်က Free App ပဲ Download လုပ်လို့ရတာမလို့ US Region ကိုရွေးတာပါ။ Easter Day လို၊ New Year လို Holidays ရက်ရှည်ပိတ်တဲ့ အခါမျိုးတွေကျရင် တကယ့်ကို ဈေးကြီးတဲ့ App တွေ၊ Game တွေကိုလဲ Free ပေးထားတာတွေ တွေ့ပါလိမ့်မယ်။ Redeem code တွေလဲ ပေးတတ်ပါတယ်။ အဲ့ဒီကျမှ တဝကြီး Download ဆွဲဖို့ အင်တာနက် လိုင်းကောင်းတဲ့ နေရာသာ ရှာထားကြပေါ့ဗျာ။
အခုတော့ Account လေးဖွင့်ပြီး အသုံးဝင်မယ့် Free App / Game လေးတွေ ရှာ Download လိုက်ပါအုံး။
အောက်မှာ Screenshot တွေကို အဆင့် ၂ ကစပြီး တင်ပေးထားပါတယ်။
ပုံ ၁။ ITunes Store >> Home ကို ရွေးပါ။
ပုံ ၂။ Country Change ထဲမှာ US ကို ရွေးပါ။
ပုံ ၃။ App Store ကိုရွေးပါ။ ကိုယ် Download လုပ်မယ့် App ရဲ့ Default Device ကိုရွေးပါ။
ပုံ ၄။ ညာဘက် sidebar ရဲ့ Top Free App ထဲက App တခုကိုရွေးပါ။
ပုံ ၅။ Apple ID ကို Create စလုပ်ပါမယ်။
ပုံ ၆။ Continue လုပ်ပါ။
ပုံ ၇။ Terms and Conditions ကို Agree လုပ်ပါ။
ပုံ ၈။ Account Info ဖြည့်ပါ။
ပုံ ၉။ Payment Method မှာ None ဆိုတာ ပေါ်ရပါမယ်။ မပေါ်ရင် ပုံ ၂ ကပြန်လုပ်ပါ။
ပုံ ၁၀။ US Address ရယူရပါမယ်။ ဒီ Link မှာယူပါ။
ပုံ ၁၁။ Billing Address ကို ကိုယ်ရထားတဲ့ US Address ထည့်ပေးပါ။ ပြီးရင် Account ကို Create လုပ်ပါ။
ပုံ ၁၂။ Success ဖြစ်သွားရင် Verification Email ပို့ထားကြောင်း ပြောပါမယ်။ Session Time Out ဆိုရင် တော့ ပုံ ၄ ကနေ ပြန်စလုပ်ပါ။
ပုံ ၁၃။ ကိုယ့် Email ကိုစစ်ပါ။ အောက်ပါအတိုင်း တွေ့ပါလိမ့်မယ်။ Verify Now နှိပ်ပါ။
ပုံ ၁၄။ ကိုယ့် Apple account နဲ့ Sign In ဝင်ပါ။
ပုံ ၁၅။ Email Verified ဖြစ်ပြီဆိုရင် စသုံးလို့ရပါပြီ။
လုပ်လို့ ရဘူးဗျာ..For assistance,Contact Itune Support at www.apple.com/support/itune/ww.
ReplyDeleteအဲလိုပဲပြတယ်...
Credit Card မလိုပဲ Apple Id Itunes Account ဖွင့်နည်း။ ~ And Share It >>>>> Download Now
Delete>>>>> Download Full
Credit Card မလိုပဲ Apple Id Itunes Account ဖွင့်နည်း။ ~ And Share It >>>>> Download LINK
>>>>> Download Now
Credit Card မလိုပဲ Apple Id Itunes Account ဖွင့်နည်း။ ~ And Share It >>>>> Download Full
>>>>> Download LINK gh
အတူတူ ပဲ
ReplyDeletenone ဆိုတာမပါဘူး တစ်ခြားကဒ်တွေပဲပါတယ်
ReplyDeleteId မေ့သွားရင် ဘယ်လိုပြန်လုက်ရလဲဆိုတာပြောပြပါလားဗျ
ReplyDelete𝐇𝐨𝐩𝐞 𝐤𝐚𝐞 𝐦𝐚 𝐲𝐚 𝐰𝐨𝐨
ReplyDeleteCredit Card မလိုပဲ Apple Id Itunes Account ဖွင့်နည်း။ ~ And Share It >>>>> Download Now
ReplyDelete>>>>> Download Full
Credit Card မလိုပဲ Apple Id Itunes Account ဖွင့်နည်း။ ~ And Share It >>>>> Download LINK
>>>>> Download Now
Credit Card မလိုပဲ Apple Id Itunes Account ဖွင့်နည်း။ ~ And Share It >>>>> Download Full
>>>>> Download LINK