No Porn Site for Children
အခုနောက်ပိုင်း သတင်းစာတွေ ဂျာနယ်တွေမှာ လိင်အကြမ်းဖက်မှုသတင်းတွေ မကြာမကြာတွေ့နေကြားနေရပါတယ်။ အလယ်တန်း ကလေးတွေရဲ့ လက်ထဲမှာလဲ ဖုန်းလေးတွေ တွေ့တွေ့လာနေရတယ်။ အိမ်တွေမှာ ကွန်ပျူတာသုံးတဲ့ အလေ့အထကလဲ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ စပြီး တွင်ကျယ်လာနေပါပြီ။ အဲ့ဒီ ဖုန်းတွေ၊ ကွန်ပျူတာတွေ ကတဆင့် ငယ်ရွယ်နုနယ်သေးတဲ့ ကလေးငယ်တွေကို အင်တာနက်ပေါ်က ညစ်ညမ်း Website တွေရဲ့ အန္တရာယ်က ကာကွယ်ပေးဖို့ လိုအပ်နေပါတယ်။ အဲ့ဒါညစ်ညမ်း Website တွေ ကနေ ကာကွယ်ပေးနိုင်မယ့် နည်းပေါင်းများစွာထဲကမှ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ ငွေကုန်စရာမလိုတဲ့ နည်းလမ်းကောင်းလေးတခုကို ဝေမျှချင်ပါတယ်။ အဲ့ဒီနည်းလမ်းက ညစ်ညမ်း Website တွေတင်သာမကပါဘူး ယုံကြည်စိတ်ချရမှုမရှိတဲ့ လိမ်စားညာစား Website အတော်များများကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ အားလုံးကို ကာကွယ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ Completely Protected တော့မဟုတ်ပါဘူး။ Family Shield သာဖြစ်ပါတယ်။
Family Shield Open DNS
208.67.222.123
208.67.220.123
ပထမဦးစွာ Family Shield Setup မလုပ်ခင် အခြေအနေနဲ့ Setup လုပ်ပြီး အခြေအနေ တွေကို နှိုင်းယှဉ်ပြတာပါ။
PC ကွန်ပျူတာမှာ Family Shield ဘယ်လို Setup လုပ်မလဲ။
၁။ Start Menu ကိုနှိပ်ပါ။ အဲ့ဒီနောက် Control Panel ထဲသွားပါ။
၂။ Network and Sharing Center ကို ရွေးပါ။
၃။ Local Access Connection ဆိုတာနှိပ်ပါ။
၎။ Properties ကို နှိပ်ပါ။
၅။ TCP/IPv4 ကိုရွေးပါ။ ပြီးရင် အောက်က Properties ကိုနှိပ်ပါ။
၆။ ပေးထားတဲ့ Open DNS ကို Copy Paste ထည့်ပေးလိုက်ပါ။
Family Shield Open DNS
208.67.222.123
208.67.220.123
ဒါဆိုရင် သင့် Computer မှာ Family Shield Setup လုပ်တာ ပြီးမြောက်အောင်မြင်သွားပါပြီ။
သင့် Family Shield ကို အောက်ပါ Link ဖြင့် စမ်းသပ်နိုင်ပါတယ်။
လက်တွေ့ ပွဲဝင် စမ်းသပ်ချင်တယ်ဆိုရင်တော့ အောက်ပါ Website များဖြင့်လဲ စမ်းသပ်နိုင်ပါတယ်။
Pornhub, Xhumster, JAV-Porn, Jav4u
Anti-Phishing Test အတွက်လဲ အောက်ပါ တရုပ် ဘဏ် တခုမှ တရားဝင် ကြေငြာထားသော Website များဖြင့်လဲ စမ်းသပ်ကြည့်နိုင်ပါတယ်။
http://www.hk.abchina.com/en/ebanking_4916/corporatebanking/201302/t20130204_316055.htm
သင့် Network တခုလုံးကိုကာကွယဖို့ Router မှာ Family Shield နဲ့ ဘယ်လို Setup လုပ်မလဲ။
၁။ သင့် Router ရဲ့ Admin Panel ထဲဝင်လိုက်ပါ။
Router Address ကိုမသိရင် Command Prompt ထဲမှာ ipconfig လို့ရိုက်ပြီး ကြည့်နိုင်ပါတယ်။
Default Gateway ဆိုတာ သင့် Router Address ပါပဲ။
၂။ DNS Server Setting ဆိုတာကို ရှာပါ။
၃။ Open DNS server address ကို သင့် ရဲ့ DNS Server Setting ထဲကို ထည့်ပြီး Apply/ Save လုပ်လိုက်ပါ။
၎။ ပြီးသွားရင် သင့် Router ထဲမှာ DNS cache ကို clear လုပ်ပါ။
သင့် Computer တွေရော၊ သင့် Phone နဲ့ Tablet တွေရောမှာပါ Browser တွေရဲ့ cache တွေကို Clear လုပ်ဖို့လိုပါတယ်။
ဒါဆိုရင် သင့် Router မှာ Family Shield Setup လုပ်တာ ပြီးမြောက်အောင်မြင်သွားပါပြီ။
Router ကို Screenshot မတင်နိုင်တာ နားလည်စေချင်ပါတယ်။ Router တလုံးနဲ့ တလုံး Admin Panel ရဲ့ User Interface တွေက မတူညီတဲ့အတွက် မတင်တော့တာဖြစ်ပါတယ်။ Process ကတော့ အတူတူပါပဲ။
သင့် Family Shield ကို အောက်ပါ Link ဖြင့် စမ်းသပ်နိုင်ပါတယ်။
လက်တွေ့ ပွဲဝင် စမ်းသပ်ချင်တယ်ဆိုရင်တော့ အောက်ပါ Website များဖြင့်လဲ စမ်းသပ်နိုင်ပါတယ်။
Pornhub, Xhumster, JAV-Porn, Jav4u
Anti-Phishing Test အတွက်လဲ အောက်ပါ တရုပ် ဘဏ် တခုမှ တရားဝင် ကြေငြာထားသော Phishing site များဖြင့်လဲ စမ်းသပ်ကြည့်နိုင်ပါတယ်။
http://www.hk.abchina.com/en/ebanking_4916/corporatebanking/201302/t20130204_316055.htm
Open DNS ရဲ့ Official Website မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။
Open DNS ရဲ့ Official Website မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။
ညစ်ညမ်း Website တွေရဲ့ အန္တရာယ်ကနေ ဘယ်လိုတားဆီးမလဲ။ No Porn Site ~ And Share It >>>>> Download Now
ReplyDelete>>>>> Download Full
ညစ်ညမ်း Website တွေရဲ့ အန္တရာယ်ကနေ ဘယ်လိုတားဆီးမလဲ။ No Porn Site ~ And Share It >>>>> Download LINK
>>>>> Download Now
ညစ်ညမ်း Website တွေရဲ့ အန္တရာယ်ကနေ ဘယ်လိုတားဆီးမလဲ။ No Porn Site ~ And Share It >>>>> Download Full
>>>>> Download LINK