NEW IN THE AVG Internet Security 2015:
- Paid Version User တွေအတွက် Virus Database Update ကို ၂ နာရီခြားတခါ လုပ်ပေးထားပါတယ်။
- AVG ရဲ့ 2015 User Interface အသစ်ဟာ 2014 Windows Style Interface ထက် ပိုရှင်းလင်းလွယ်ကူလာပါတယ်။
- Version Upgrade လုပ်တဲ့အခါ User Setting ကို ထိန်းသိမ်းပေးထားတဲ့ စနစ်ကို အဆင့်မြှင့်ထားပါတယ်။
- Firewall စနစ်ကိုလဲ အဆင့်မြှင့်ထားပါတယ်။
- 2014 Version တုန်းက ရှိခဲ့တဲ့ Issues လေးတွေကိုလဲ ပြုပြင်ထားပါတယ်။
- AntiVirus: (Viruses, Worms နဲ့ Trojans တွေကို ဖယ်ရှား၊ ရှင်းသတ် ပြီး ကူးစက် ပျံ့နှံ့တာတွေကနေ ကာကွယ်ပေးပါတယ်။)
- AntiMalware (AVG Resident Shield) မြောက်မြားစွာသော Malware တွေရဲ့အန္တရာယ်ကနေ သင့် ကွန်ပျူတာကို ကာကွယ်ပေးပါတယ်။
- AVG Anti-Rootkit မမြင်နိုင်တဲ့ နောက်ကွယ်ကနေ ကွန်ပျူတာစနစ်ကို ပြုပြင်နှောက်ယှက်နေတဲ့ အန္တရာယ်ရှိတဲ့ Software တွေကို ရှာဖွေ ဖော်ထုတ်ရှင်းလင်းပေးပါတယ်။
- AVG Email Scanner သင့်ရုံးသုံး Email တွေးကို Outlook နဲ့သုံးတဲ့သူဆိုရင် သင့် Outlook အတွက် သင့်တော်တဲ့ အကာကွယ်တခုဖြစ်ပါတယ်။ သင့် Mailbox လေးကို Ads တွေ၊ phishing တွေ အန္တရာယ်က ကာကွယ်ပေါးပတယ်။
- AVG Protective Cloud Technology: လက်တလောဖြစ်ပေါ်နေတဲ့ Cyber threat တွေကို ကာကွယ်နိုင်ဖို့ သင့်ရဲ့ Antivirus ကို Cloud Technology နဲ့ အချိန်တိုင်း Update ဖြစ်နေစေပါတယ်။
- AVG Community Protection Network တတယ်လို့ AVG သုံးနေတဲ့သူတယောက်မှာ အမှတ်မထင် Melware အသစ်တခု ပုံစံတခု စတွေ့တာနဲ့ AVG သုံးတဲ့သူတွေအားလုံးနီးပါးမှာ အချိန်တိုအတွင်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
- AVG LinkScanner Surf-Shield Smart Prevention Technology အရ သင် Internet သုံးနေတဲ့အခါ အန္တရာယ်ရှိတဲ့ link တွေကို စစ်ဆေးပြီး သတိပေးနေမယ့် အဖော်ကောင်းပါ။ တကယ်လို့ သင်က အမှတ်မထင် နှိပ်ခဲ့မိရင်တောင် သင့်ဆီကို အန္တရာယ် မကျရောက်အောင် ကူညီ ကာကွယ်ပေးပါလိမ့်မယ်။
- AVG Social Networking Protection: Facebook, Twitter, စတဲ့ ထင်ရှားတဲ့ Social Network တွေရဲ့ သုံးနေရင်း ယုံကြည်စိတ်ချရမှုမရှိတဲ့ Link တွေ App တွေကို တားဆီးပေးပါတယ်။
- AVG Online Shield သင့် file တခုကို Download မဆွဲခင်ကတည်းက ဒီ file ဟာလုံခြုံစိတ်ချရမှုရှိမရှိ စစ်ဆေးပေးပါတယ်။
- AVG anti-spam သင်အင်တာနက်သုံးနေချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ Spammer တွေ Scammer တွေ သင့်ဆီ မရောက်လာအောင် ကာကွယ်ပေးပါတယ်။ သင့် Email ထဲရောက်လာတဲ့ သံသယ ဖြစ်ဖွယ်ရှိတဲ့ စာတွေ၊ Code တွေကို ဖယ်ရှားပေးပါတယ်။
- AVG Do Not Track အင်တာနက် Website တွေကနေတဆင့် သင့်ရဲ့ အကြောင်းတွေ သင် ဘာတွေလုပ်လဲဆိုတာတွေ ဘယ် Website တွေကြည့်လဲ၊ ဘယ် Link တွေ နှိပ်လဲ၊ ဘာအကြောင်းတွေ စိတ်ဝင်စားလဲ စသဖြင့် သင့်ကို နောက်ယောင်ခံလိုက်ပြီး သင့် အကြောင်းတွေကို လိုက်လံစုဆောင်းနေတဲ့ Website တွေထဲကို သင့်စိတ်ကြိုက် ပိတ်လို့ရပါတယ်။ Internet Explorer, Mozilla, Chrome အားလုံး Support လုပ်ပါတယ်။
- AVG Identity Protection သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သင့်ကိုယ်စား လုံခြုံစွာ စောင့်ရှောက်ပေးပါတယ်။
- AVG Anti-spyware Spyware တွေ ၊ Adware တွေရဲ့ရန်ကနေ သင့်ရဲ့ အချက်အလက်တွေနဲ့ သင့်ကွန်ပျူတာကို ကာကွယ်ဖို့ပါ။
- AVG WiFi Guard တကယ်လို့များ သင့်ဟာ Public access Wifi Network နဲ့ ချိတ်ဆက်ထားတယ်ဆိုရင်တောင်မှ WiFi Network ကနေတဆင့် တစုံတယောက်က သင့်ကွန်ပျူတာထဲကို ဝင်ရောက်ဖို့ ကြိုးစားလာတာနဲ့ သင့်ကို ချက်ချင်းအသိပေးပါလိမ့်မယ်။
- AVG Enhanced Firewall သင်ဟာ အင်တာနက်သုံးနေတယ်ဆိုရင် ဒါမှမဟုတ် ကွန်ယက်တခုခုနဲ့ ချိတ်ဆက်ထားတယ် ဆိုရင် သင့်အပေါ်ကျရောက်လာမယ့် သင့်စက်ကို အန္တရာယ်ဖြစ်စေမယ့် အကြောင်းအချက် အခြေအနေ ပေါင်းများစွာကို ကာကွယ်ပေါးပတယ်။
- AVG Turbo Scan တကယ်လို့များ သင်စက်ထဲကို File အသစ်တဖိုင် ဝင်လာတာနဲ့ ချက်ချင်း လျှင်လျှင်မြန်မြန်နဲ့ စစ်ဆေးပေးပါတယ်။
- Game Mode သင်ဟာ Online Gamer တယောက်ဆိုရင် သင့်ဂိမ်းဆော့နေစဉ်မှာ ပြင်ပအနှောက်အယှက်တွေကြောင့် သင့်ဂိမ်းနှေးသွားတာမျိုး ရပ်သွားတာမျိုးမဖြစ်အောင် ကူညီပေးပါတယ်။ သင့်ရဲ့ Game Profile ကိုလဲ hacker တွေ အန္တရာယ်က ကာကွယ်ပေးခြင်းဖြင့် သင့် Game Reward တွေ Award တွေကို လုံခြုံစေပါတယ်။
- AVG Smart Scanner သင် PC ကို မသုံးတဲ့ Idle stage မှာမှ အလိုအလျှောက် Scan လုပ်ပါတယ်။ သင် Mouse ဒါမှမဟုတ် keyboard တချက်နှိပ်လိုက်ရုံနဲ့ AVG ဟာ Low Priority Software အဖြစ် ပြောင်းပေးပါတယ်။ AVG ကြောင့် သင့်စက်မနှေးစေရပါဘူး။ Scan Time ကိုလဲ အရမ်းမြန်စေပါတယ်။ Scanned လုပ်ပြီးသား အပြောင်းအလဲမရှိတဲ့ Safe ဖိုင်တွေကို ထပ်မစစ်တော့ပါဘူး။
- AVG Accelerator Internet Connection အတွက်မလိုအပ်တဲ့ အနှောက်အယှက်တွေကို ဖယ်ရှားတားဆီးပေးတဲ့အတွက် Connection ကို ပိုတည်ငြိမ် မြန်ဆန်စေပြီး Youtube လိုထင်ရှားတဲ့ Video Streaming တွေကနေ Video ကြည့်တာကို အထောက်အကူပြုပါတယ်။
AVG Internet Security 2015 Free Download with 1 Year Trial Serial Key
Huawei ရဲ့ AVG Internet Security 2014 Version ကို Upgrade လုပ်လို့ရပါတယ်။
အသစ်စသုံးမယ့်သူတွေအနေနဲ့ Official Page မှာ သွားပြီး Paid Installation Section ကနေ ကိုယ့်စက်နဲ့ ကိုက်ညီမယ့် Version ကို Download ဆွဲလိုက်ပါ။
အောက်က Link တွေကနေလဲ တိုက်ရိုက် ဆွဲနိုင်ပါတယ်။
AVG Internet Security 2015 (Offline Installer) 32 Bit 152 MB
AVG Internet Security 2015 (Offline Installer) 64 bit 166 MB
Huawei Promotion License Key ကို ဒီ Link မှာ Download ဆွဲလိုက်ပါ။
မှတ်ချက်။ ။ဘယ်အချိန်အထိ Huawei Promotion License Key ကို Activate လုပ်လို့ရနေအုံးမယ် မသိပါဘူး။ အဲ့ဒီတော့ ကိုယ် Activate လုပ်လို့ အဆင်မပြေတော့ရင် Comment Box မှာရေးပေးခဲ့ပါ။ သုံးလို့မရလို့ ဒါမှမဟုတ် တခြား Internet Security တခုခု ပြောင်းသုံးချင်တယ် ဆိုရင်တော့ အောက်က Tool လေးသုံးပြီး ပြန်ဖြုတ်လိုက်ပါ။
AVG Remover 2015 32 bit 3 MB
AVG Remover 2015 64 bit 3 MB
Avg Internet Security 2015 1 Year License Key ~ And Share It >>>>> Download Now
ReplyDelete>>>>> Download Full
Avg Internet Security 2015 1 Year License Key ~ And Share It >>>>> Download LINK
>>>>> Download Now
Avg Internet Security 2015 1 Year License Key ~ And Share It >>>>> Download Full
>>>>> Download LINK