ဒီနေ့ခေတ်မှာ အင်တာနက်သုံးတဲ့လူတိုင်း Facebook မသုံးတဲ့သူ မရှိသလောက်ပါပဲ။ ဒါပေမယ့် အင်တာနက်ထဲကနေ Social Network ပေါ်ကနေ Identity Thief တွေရဲ့ အန္တရာယ်ကို မမြင်ကြ မတွေ့ကြ မကြုံ ကြသေးတော့ ကြောက်ရကောင်းမှန်း မသိကြဘူး။ အထူးသဖြင့် ခေတ်ပညာတတ် ဆရာဝန်၊ အင်ဂျင်နီယာ တွေသာမက ကွန်ပျူတာ ဘွဲ့ရတွေ ကိုယ်တိုင်တောင် သေသေချာချာ မသိကြတော့ အလိမ်အညာတွေရဲ့ သားကောင်တွေ ဖြစ်သွားရတာ အများကြီး မြင်တွေ့နေရပါတယ်။ တချို့တွေကလဲ "ငါတို့အချက်အလက်တွေ ခိုးလို့ ဘာရမှာလဲ ဘာမှ ရမှာမဟုတ်ဘူး" လို့ပြောကြတယ်။ ဒါပေမယ့် သူတို့တွေဟာ ကိုယ်တိုင် အလိမ်ခံရရုံ မက လူလိမ်တွေရဲ့ အသုံးချမှုကိုခံရပြီး သူတို့ရဲ့ သူငယ်ချင်းတွေကိုပါ အလိမ်ခံရအောင် သူခိုးဓါးရိုးကမ်းနေမှန်း မသိကြတာ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။
တကယ်တမ်းပြောရရင် IT နည်းပညာလောကမှာ Facebook သုံးသည်ဖြစ်စေ မသုံးသည် ဖြစ်စေ၊ အင်တာနက်နဲ့ချိတ်ဆက်နေသမျှ၊100% ရာနှုန်းပြည် လုံခြုံတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ဒါပေမယ့် ကိုယ်က လွယ်လွယ်ကူကူ လူလိမ်လူညာတွေရဲ့ သားကောင်၊ တခြားသူတွေ အလိမ်ခံရခြင်းရဲ့ ဓါးစာခံ မဖြစ်ရအောင်လို့ ထောင်ပေါင်းများစွာသော Facebook ပေါ်က အလိမ်အညာတွေထဲကမှ သိထားသင့်တဲ့ အလွယ်တကူသိနိုင်တဲ့ Facebook ထဲက လိမ်နည်းတချို့ကိုဖော်ပြလိုက်ပါတယ်။
၁။ သင့်ရဲ့ Profile ကို ဘယ်သူတွေ လာကြည့်သလဲ ဆိုတာ သိနိုင်တယ် ဆိုတဲ့ App တွေဟာ အလိမ်အညာတွေပါ။
တကယ်တော့ ဒီ App ဟာ သင့် Profile ကို အမှန်တကယ် ဝင်လာကြည့်တဲ့ လူတွေရဲ့ စာရင်းကိုပြတာမဟုတ်ပဲ သင့်လိုပဲ ဒီ App ကို သုံးပါမယ်ဆိုပြီး Profile ထဲက Friends List တွေ ရယူပြီး၊ ယောက်ကျား မိန်းမ အရေအတွက် စိတ်ဝင်စားတဲ့ အကြောင်းအရာ စတာတွေကို အခြေခံပြီး အဲ့ဒီထဲကမှ Statistics ဆိုတဲ့ နည်းကိုသုံးပြီး လူစာရင်းကို ပြန်တင်တာပါ။ အဲ့လို App တွေက User တွေရဲ့ Profile တွေကတဆင့် Celebrities တွေရဲ့ Personal Info တွေခိုးယူပြီး ငွေညှစ် ခြိမ်းခြောက်တာ မျိုးတွေ လုပ်တတ်ကြပါတယ်။ အောက်က ပုံတွေ့ ထင်ရှားတဲ့ Facebook Scams Apps တွေပါ။
၂။ သင့် Facebook ရဲ့ အရောင် နဲ့ Themes တွေကိုပြောင်းလို့ရတယ် ဆိုတဲ့ App တွေဟာလဲ အလိမ်အညာတွေပါ။
Facebook ဟာ သူရဲ့ ပင်ကိုမူလ အပြာရောင်ကနေ ဘယ်တုန်းကမှ တခြားအရောင်ကို ပြောင်းခွင့်မပြုခဲ့သလို ပြောင်းလို့လဲ မရပါဘူး။ အဲ့ဒီ Apps တွေဟာ ပထမ သင့်ရဲ့ Profile ကို ဝင်ခွင့်တောင်းမယ်။ သင့် Wall ပေါ်မှာ သူတို့ရဲ့ အလိမ်အညာတွေကို ထပ်ဖြန့်မယ်။ ပြီးရင် သင်တို့ကို နောက်ထပ် Add-ons တခု ထပ် Download ဆွဲခိုင်းပြီး သင့်ရဲ့ Browser မှာ Install လုပ်ခိုင်းပါလိမ့်မယ်။ အဲ့ဒါနောက် သင့်တို့ Facebook ကို ပြန်သွားကြည့်လိုက်ရင် Facebook အရောင်ပြောင်းနေတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် တခြား Computer ဒါမှမဟုတ် တခြား Browser ကနေ ပြောငိးဝငိကြည့်လိုက်ပါ။ သင့် Facebook ဟာ အပြာရောင်ပဲဖြစ်နေမှာပါ။ တခြားသူတွေကလဲ အပြာရောင်ပဲ မြင်ရမှာပါ။ ဒီ Add-on သုံးထားတဲ့ Browser သုံးပြီး Facebook ကိုဖွင့်မှ မြင်ရပါလိမ့်မယ်။ အဲ့ဒီ Add-on က သင့် Facebook ကို အရောင် ပြောင်းရုံပဲ ဆိုရင်တော်ပါသေးတယ် ဆိုရပါလိမ့်မယ်။ အဲ့ဒီ Browser ကိုသုံးပြီး သင်လုပ်သမျှကို မှတ်တမ်းယူပြီး သင့်ရဲ့ အချက်အလက် တွေကို ခိုးယူနိုင်ပါသေးတယ်။
တကယ်တော့ Facebook အရောင် ပြောင်းတယ်ဆိုတာ ဥပမာ အနေနဲ့ပြောရရင် မြင်းနက်ကြီးကို အဖြူကြားတွေ အနောက်မှာ ရပ်ခိုင်းပြီး jမြင်းကြားကြီးပါလို့ လိမ်တဲ့ ပုံစံပါပဲ။
၃။ Facebook မှာ disklike ဒါမှမဟုတ် love Buttons တွေ ထပ်ထည့်လို့ရတယ် ဆိုတဲ့ App တွေဟာလဲ အလိမ်အညာတွေပါ။
Facebook မှာ ဘာ button မှ ကိုယ့်ဖာသာကိုယ် ထပ်ထည့်လို့မရပါဘူး။ Facebook မှာမှ မဟုတ်ပါဘူး ဘယ် Website မှာမှ Website ပိုင်ရှင် ရဲ့ ခွင့်ပြုချက်မရှိပဲ ဘာမှ ပြင်လို့မရပါဘူး။ Website ဆိုတာ Computer ထဲမှာ ရှိတာမဟုတ်ပါဘူး။ အင်တာနက် Server ပေါ်မှာသာ ရှိတာပါ။ သင်တို့ စက်ထဲမှာ မြင်ရတဲ့ Website ဟာ ပုံနှိပ်ပြီးသား စာရွက်တရွက်လိုပါပဲ။ ပေးထားတဲ့ ရှိပြီးသား လုပ်ပိုင်ခွင့်ထက် ပိုလုပ်လို့မရပါဘူး။ တကယ်လို့ အဲ့ဒီလို App တွေကို Click နှိပ်မိရင် သင့်ရဲ့ Facebook Account ဟာ သင် သဘောဆန္ဒ မပါပဲ၊ သင်မသိလိုက်ရပဲ Post ပေါင်းများစွာကို သင့် ရဲ့ Wall ပေါ်မှာသာမက Friends တွေရဲ့ Walls တွေပေါ်မှာပါ တင်နေပါလိမ့်မယ်။ သင်ကတော့ အဲ့ဒီ Post တွေကို မမြင်ရသလို သင်သူငယ်ချင်းတွေ့လဲ သင် ပေါက်ကရတွေ တင်နေတယ်လို့ ထင်နေပါလိမ့်မယ်။
၎။ အလှူရှင်းတယောက်က Like တခါလုပ်ရင် ၁ ဒေါ်လာ၊ Share လုပ်ရင် ၃ ဒေါ်လာ လှူပါ့မယ်ပြောလို့ Like and Share လုပ်ပေးကြပါဆိုတဲ့ Like and Share Plan ဓါတ်ပုံများ ဟာလဲ လိမ်နည်းတွေပါပဲ။
Facebook ပေါ်ကနေ တဆင့် ကျနော်တို့နိုင်ငံမှာ လူအတော်များများကို ကူညီပေးဖူးခဲ့တာ တွေ့ကြမြင်ကြမှာပါ။ ဥပမာ အရပ်ရှည်လွန်ရောဂါရှင်တွေ၊ နှာခေါင်းထဲမှာ အကျိတ်ကြီးရှိနေသူတွေ၊ ဦးနှောက်မှာ အရေအိတ် ဖိမိနေတဲ့ ကလေးငယ်တွေ စသည် စသည်ဖြင့် အများကြီးရှိပါတယ်။ ကူညီနိုင်သူတွေ ကူညီနိုင်အောင် Share လုပ်ပေးကြတာပါပဲ။ ဒါပေမယ့် တချီု့တွေကတော့ Like 1000 ရမှ ရည်းစားက အဖြေပေးမှာ၊ အလှူရှင်က Like and Share ပမာဏနဲ့ လှူမှာတို့ ဆိုတာတွေက တကယ့် သူတို့ Page လေး Like လိုချင်တာနဲ့ တကယ့် ပရဟိတ ကူညီချင်သူတွေရဲ့ စိတ်ကောင်းနှလုံးကောင်းကို အသုံးချသွားတာပါ။ တကယ် ဟုတ်မဟုတ်သိချင်ရင် သူတို့ထဲက စာကိုကူးပြီး Google ထဲမှာ ရှာကြည့်လိုက်ပါ။ အစစ်လား အလိမ်လား ချက်ချင်း အဖြေပေါ်ပါလိမ့်မယ်။
၅။ လူတော်တော်များများကတော့ ဒီ Video Clip လေးကို ၁၀ စက္ကန့်ထက် ပိုမကြည့်ရဲ့ကြဘူး။ ဆိုတဲ့ ကြော်ငြာနဲ့ ကြည့်ဖို့ပြောတာဟာလဲ လိမ်တာပါပဲ
ပထမတော့ လူစိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေ၊ ကြောက်စရာ၊ ရွံစရာ ပုံတွေနဲ့ လူတွေရဲ့အာရုံကို စွဲဆောင် ပါတယ်။ နောက် လူတွေကို မကြည့်ချင် ကြည်ချင် စေမယ့် စကားတွေနဲ့ စိတ်ကို ဆွ ပါတယ်။ အဲ့ဒါကို မှ ကိုယ်က စိတ်မထိန်းနိုင်လို့ နှိပ်လိုက်မိရင်တော့ နောက်တဆင့် အနေနဲ့ ကိုယ့်စက်ထဲကို တစုံတခု Install လုပ်ဖို့ တောင်းဆိုလာပါလိမ့်မယ်။ ကိုယ်မသိတဲ့လူတယောက် ကပေးတဲ့အစားအစာကို မစားသင့်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲ့ဒီ သဘောတရားအတိုင်းပဲ ကိုယ်မသိတဲ့ စိတ်ချယုံကြည်ရမှု မရှိတဲ့ အရင်းအမြစ် (ဥပမာ။ ။ ကိုယ် Download လုပ်ရမယ့် Website ဟာ Official Website မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် ယုံကြည်စိတ်ချရမှုမရှိတဲ့ Third Party Website တခု မဟုတ်ဘူးဆိုရင် အလိမ်အညာဖြစ်ဖို့များပါတယ်) ကနေ ရတဲ့ ဘာမှန်းသေသေချာများ မသိတဲ့ Software ကို Install မလုပ်သင့်ပါဘူး။
၆။ နာမည်ကြီး Celebrities တွေရဲ့ အညှီအဟောက်တွေအကြောင်း ဗွီဒီယို Link တွေ အများစုကလဲ အလိမ်တွေပါပဲ။
Paris Hilton တို့ Kim Kardashian တို့ စတဲ့ နာမည်ကြီးတွေရဲ့ အညှီအဟောက် ဗွီဒီယိုတွေ တကယ်ပဲ ပြန့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဗွီဒီယို ဟာ တကယ် ဟုတ်မဟုတ်သိချင်ရင်တော့ သူ့ရဲ့ Post Title ကို ကူးကြီး Google မှာ ရှာကြည့်လိုက်ပါ။ အလိမ်အညာ အများစုက Video Player Plugin Install လုပ်ခိုင်းပါတယ်။ တချို့ဆိုရင် Adobe Flash Player Version နိမ့်နေလို့ ဆိုပြီး Install လုပ်ခိုင်းပါတယ်။ တကယ်သာ Adobe Flash Player ကို Install လုပ်ဖို့လိုရင် Adobe Official Website မှာ သွား Download ဆွဲပြီး ကိုယ့်ဖာသာကိုယ် Install လုပ်သင့်ပါတယ်။ အပေါ်မှာပြောခဲ့သလို ကိုယ်မသိတဲ့ လူတွေ ပေးတဲ့ Software ကို ကိုယ့် ကွန်ပျူတာ ပေါ်မှာ Install မလုပ်ပါနဲ့။
အထူးသဖြင့် ကုမ္ပဏီကြီးတွေ ထင်ရှားတဲ့ အမှတ်တံဆိပ်တွေ ကို အသုံးချပြီး လုပ်လေ့ရှိပါတယ်။ အများစုကတော့ တခါမှ မရကြပါဘူး။ တကယ့် ကုမ္ပဏီကြီးတွေကလဲ Hardware တွေ ဆုကြေးတွေကို အဲ့လိုမျိုး Social Network တွေကနေ လုပ်လေ့လုပ်ထ မရှိပါဘူး။ Official Page ကနေပဲ Promotion လုပ်တာများပါတယ်။ Software Promotion တချို့ကို တချို့နိုင်ငံတွေက Social Network ကနေတဆင့် ပေးတတ်ပါတယ်။
Facebook ထဲက အလိမ်အညာတွေ ကို ဘယ်လိုသိနိုင်မလဲ။ ~ And Share It >>>>> Download Now
ReplyDelete>>>>> Download Full
Facebook ထဲက အလိမ်အညာတွေ ကို ဘယ်လိုသိနိုင်မလဲ။ ~ And Share It >>>>> Download LINK
>>>>> Download Now
Facebook ထဲက အလိမ်အညာတွေ ကို ဘယ်လိုသိနိုင်မလဲ။ ~ And Share It >>>>> Download Full
>>>>> Download LINK