Shortcut Virus ဘယ်လိုရှင်းမလဲ
Memory stick / Thumb drive ထဲမှာ ကိုယ်ထည့်ထားတဲ့ ဖိုင်တွေအစား shortcut တွေဖြစ်နေတာမျိုးကို တွေ့ဖူး ကြုံဖူးကြမယ် ထင်ပါတယ်။ အောက်ကပုံတွေမှာ ပြထားသလိုမျိုးဖြစ်နေပါလိမ့်မယ်။
သင့်ရဲ့ ကွန်ပျူတာထဲမှာ Up-to-date ဖြစ်တဲ့ Antivirus ကောင်း တခုခုသာ ရှိနေမယ်ဆိုရင် အဲ့ဒီ Virus ကိုသေချာပေါက် သိမှာ အသေအချာပါပဲ။ သင့်ကွန်ပျူတာမှာ အဲ့ဒီ Virus ရှိနေတဲ့ Memory Stick / Thumb Drive ကို တပ်လိုက်တာနဲ့ အဲ့ဒီ Virus ကို Kill လုပ်လိုက်ပါလိမ့်မယ်။
ဒါပေမယ့် သင့်ဖိုင်တွေ ပြန်မရသေးပါဘူး။ အရမ်းစိတ်မပူပါနဲ့ သင့်ရဲ့အရေးကြီးဖိုင်တွေ မပျက်သွားသေးပါဘူး။ သင့် USB Drive ထဲက ဖိုင်တွေပြန်ရဖို့အတွက် အောက်က အဆင့်တွေအတိုင်း လုပ်သွားလိုက်ပါ။ တဆင့်ချင်းဆီ သေသေချာချာ ဖတ်ပြီးမှ လုပ်ပါ။