
ကွန်ပျူတာ hardware တခုခု ပြဿ နာဖြစ်တာနဲ့ ပထမဦးဆုံး စ စဉ်းစားရတာက သက်ဆိုင်ရာ driver ပါပဲ။ အဲ့ဒီ Hardware တွေရဲ့ Driver တွေကို တချုချင်းစီလိုက်ပြီး Manually စစ်ဖို့ ဆိုတာ အပြောတာလွယ်တာပါ။ လက်တွေ့က တကယ်ခက်ပါတယ်။ အလုပ်လဲ အလွန်ရှုပ် သလို ကိုက်ညီတဲ့ Driver တွေထဲကမှ အသင့်တော်ဆုံး အဆင်အပြေဆုံး နဲ့ အကောင်းဆုံး ကိုရွေးဖို့ဆိုတာ ထင်ထားတာထက် အများကြီး ပိုခက်ပါတယ်။ အဲ့ဒီပြဿ နာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ Driver Update လုပ်ပေးတဲ့ Software တခုခုကို ရွေးချယ် အသုံးပြုခြင်းဟာ အကောင်းဆုံးပါပဲ။
IObit Driver Booster PRO ကတော့ Click တချက်နှိပ်ရုံနဲ့ လိုအပ်တဲ့ Driver တွေကို အလိုအလျှောက် Update ဖြစ်တဲ့ Driver ကိုရှာပေးမယ်၊ Download ဆွဲမယ် ပြီးရင် Install လုပ်ပေးသွားမှာဖြစ်ပါတယ်။ IObit Driver Booster Free Version လဲရှိပါတယ်။ Free Version နဲ့ Pro Version ကွာခြားချက်တွေကို အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။
အဲ့ဒီ ဆော့ဖ်ဝဲကို သူ့ရဲ့ Official Website http://www.iobit.com/driver-booster.php မှာ တနှစ် စာအတွက် $28.95 နဲ့ရောင်းပါတယ်။
Driver Booster 2 ကို Free Version အနေနဲ့လဲ ရှိပါတယ်။ Free Version နဲ့ Pro Version ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။
အဲ့ဒီ ဆော့ဖ်ဝဲကို သူ့ရဲ့ Official Website http://www.iobit.com/driver-booster.php မှာ တနှစ် စာအတွက် $28.95 နဲ့ရောင်းပါတယ်။
Driver Booster 2 ကို Free Version အနေနဲ့လဲ ရှိပါတယ်။ Free Version နဲ့ Pro Version ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။
Driver Booster 2 ကို IObit ကနေ Halloween Promotion အနေနဲ့ ၆ လ အခမဲ့ အသုံးပြုခွင့် License တွေကို Facebook ကနေ တဆင့် ပေးနေပါတယ်။
အောက်ပါ အဆင့်များအတိုင်း တဆင့်ချင်းလုပ်သွားပြီး Halloween Promotion တွေကို ရယူလိုက်ပါ။
ပထမအဆင့်။ IObit ရဲ့ Halloween Facebook Promotion Page ကိုသွားပြီး Like လုပ်လိုက်ပါ။
ဒုတိယ အဆင့် IObit page ကို သင့်ရဲ့ Facebook စာမျက်နှာပေါ်မှာ PUBILCLY post အနေနဲ့ Share ပေးပါ။
တတိယ အဆင့် (နောက်ဆုံးအနေနဲ့) သင့်ရဲ့ Mouse ကို နေရာရွှေ့ပြီး သင့်ကို လက်ဆောင် Free Code ပေးမယ့် Ghost လေးကို ရှာလိုက်ပါ။ Ghost လေးကို တွေ့ပြီဆိုရင် Ghost လေးက သင့်ကို Full Version ၆ လ သုံးလို့ရမယ့် Activation code လေးပေးပါလိမ့်မယ်။
အဲ့လို သူ့ရဲ့ Official Facebook Page မှာ အဆင့်တွေ အများကြီး မလုပ်ချင်ဘူးဆိုရင်တော့ အောက်ကနေ တိုက်ရိုက်ယူလို့ရပါတယ်။ အဲ့ဒါကလဲ သူ့ရဲ့ Official Webiste ကနေ ရယူထားတာပါပဲ။
Driver Booster 2 Pro 6 months License Activation Code
Download Here (DB2 code from IObit.txt) text file ထဲမှာ Software Download link လဲပါပါတယ်။
IObit ရဲ့ Halloween Promotion က Driver Booster 2 တခုတည်းပေးတာတော့ မဟုတ်ပါဘူး။ IObit Malware Fighter 2 နဲ့ Protected Folder တွေကိုလဲ ပေးပါတယ်။ ဒါပေမယ့် PCMag မဂ္ဂဇင်း ကပေးတဲ့ မှတ်ချက် ထဲမှာတော့ anti-Malware software တွေထဲမှာတော့ အတော့ကို ဆိုးလွန်း၊ ချာလွန်းတယ်လို့ဆိုထားပါတယ်။ အသေးစိတ် ဖတ်ချင်ရင် IObit Malware Fighter 2 review Page မှာ ဖတ်ကြည့်နိုင်ပါတယ်။
အဲ့ဒါကိုမှ စမ်းကြည့်ချင်သေးတယ်ဆိုရင်တော့ အောက်မှာ ယူနိုင်ပါတယ်။
Malware Fighter 2 Pro 6 months License Activation Code
Download Here (IMF 2 code from IObit.txt) text file ထဲမှာ Software Download link လဲပါပါတယ်။
ကိုယ့်ရဲ့ ဖိုင်တွေ Folder တွေကို တခြားသူတွေ မဖွင့်စေချင်ဘူး ဆိုရင်တော့ Protect Folder လေး စမ်းသုံးကြည့်လိုက်ပါ။ Protected Folder ကတော့ ကိုယ့်အနေနဲ့ ကိုယ့်ဖိုင်တွေကို ၆ လလောက် သူများဖွင့်တာကို တားဆီးပေးနိုင်ဖို့ အတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ လိုချင်ရင် အောက်မှာယူလိုက်ပါ။
Protected Folder Pro 6 months License Activation Code
Download Here (FP code from IObit.txt) text file ထဲမှာ Software Download link လဲပါပါတယ်။
0 comments:
Post a Comment