Thursday, October 30, 2014

Bitdefender Internet Security 2015 Full Version 6 months license Free Download [Update: 30.10.2014]

Bitdefender Internet Security 2015


Bitdefender အကြောင်းတော့ သိပ် ဇီဇာချဲ့ မပြောတော့ပါဘူး။ ကမ္ဘာအကောင်းဆုံး Anti-Virus တွေထဲမှာမှ ထိပ်ဆုံးနားမှာ ရှိနေတဲ့ ယုံကြည်စိတ်ချရမှု အရှိဆုံးတွေထဲက တခုဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။  AV-ComparativesAV-TEST စတဲ့ Anti-Virus တွေကို လေ့လာအကဲဖြတ်တဲ့ မှတ်တမ်းတွေမှာ တခြား anti-virus တွေနဲ့အတူတူ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။
အခုလိုအကောင်းဆုံး ဆိုတဲ့ Internet Security software ရဲ့ Latest, 2015, version ကို ၉ လ အခမဲ့ ရယူနိုင်ပါပြီ။
Bitdefender Internet Security 2015 ကို ပုံမှန်အားဖြင့် ၃၀ ရက် (၁ လ) အစမ်းအသုံးပြုခွင့်ပေးပါတယ်။ စမ်းသုံးပြီး ကြိုက်နှစ်သက်လို့ ဝယ်မယ်ဆိုရင် ကွန်ပျူတာ တလုံး ၁ နှစ် အသုံးပြုဖို့အတွက် ပုံမှန်ဈေးနှုန်း $ 59.99 နဲ့ Official Site မှာရောင်းပါတယ်။


2014 key မလို့ 2015 မှာ သုံးလို့မရမှာ စိုးရိမ်တယ်ဆိုရင်တော့ 2015 key ကိုမှ ရချင်တဲ့ သူတွေအတွက် အောက်က links တွေက 2015 keys တွေ ရယူနိုင်တဲ့ link တွေပါ။ ၆ လ နဲ့ ၃ လ  အသီးသီး ရှိပါတယ်။ သူကတော့ name ထည့်စရာမလိုတော့ပါဘူး။ Email နဲ့ verification code ၂ ခုပဲ ထည့်ဖို့လိုပါတယ်။


အောက်ကလင့်ခ်မှာ Download ရယူပါ။

Download Bitdefender Internet Security 2015 free 9 months Full version [offline installer] from links given below:


မှတ်ချက်။   ။ သုံးလို့မရတော့ဘူးဆိုရင် ဒါမှမဟုတ် တခြား internet security suite တခုခုပြောင်းသုံးချင်လို့ ပြန်ဖြုတ်ချင်ရင် အောက်က tools လေးကိုသုံးပြီး အလွယ်တကူ ပြန်ဖြုတ်နိုင်ပါတယ်။ 

Bitdefender uninstaller Tool

Bitdefender Antivirus Plus 2015 သုံးချင်သူများကတော့ ဒီ Link လေးမှာသွားကြည့်ပါ။

IObit Halloween Promotion Driver Booster 2 PRO, Malware Fighter 2 Pro, Protected Folder 6 months License Free Download

PC ကွန်ပျူတာ တလုံးရဲ့ Stability နဲ့ Performance အကောင်းဆုံးရရှိဖို့အတွက်ဆိုရင် PC maintenance ကောင်းကောင်းလုပ်ဖို့ နဲ့ မှန်မှန် လုပ်ဖို့ အရေးကြီးပါတယ်။ အဲ့ဒီ PC Maintenance ထဲမှာမှ Driver တွေကို Update လုပ်တာဟာလဲ အရေးပါတဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။  ငါ့စက် သုံးလို့ရနေတာပဲ Driver ကလဲ Hardware တွေကို သိနေတာပဲဆိုပြီး ဒီအတိုင်းမထားသင့်ပါဘူး။ အမြဲတမ်း မှန်မှန် စစ်ဆေးသင့်ပါတယ်။

ကွန်ပျူတာ hardware တခုခု ပြဿ    နာဖြစ်တာနဲ့ ပထမဦးဆုံး စ စဉ်းစားရတာက သက်ဆိုင်ရာ driver ပါပဲ။ အဲ့ဒီ Hardware တွေရဲ့ Driver တွေကို  တချုချင်းစီလိုက်ပြီး Manually စစ်ဖို့ ဆိုတာ အပြောတာလွယ်တာပါ။ လက်တွေ့က တကယ်ခက်ပါတယ်။ အလုပ်လဲ အလွန်ရှုပ် သလို ကိုက်ညီတဲ့ Driver တွေထဲကမှ အသင့်တော်ဆုံး အဆင်အပြေဆုံး နဲ့ အကောင်းဆုံး ကိုရွေးဖို့ဆိုတာ ထင်ထားတာထက် အများကြီး ပိုခက်ပါတယ်။ အဲ့ဒီပြဿ      နာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ Driver Update လုပ်ပေးတဲ့ Software တခုခုကို ရွေးချယ် အသုံးပြုခြင်းဟာ အကောင်းဆုံးပါပဲ။ 

IObit Driver Booster PRO ကတော့ Click တချက်နှိပ်ရုံနဲ့ လိုအပ်တဲ့ Driver တွေကို အလိုအလျှောက် Update ဖြစ်တဲ့ Driver ကိုရှာပေးမယ်၊ Download ဆွဲမယ် ပြီးရင် Install လုပ်ပေးသွားမှာဖြစ်ပါတယ်။  IObit Driver Booster Free Version လဲရှိပါတယ်။ Free Version နဲ့ Pro Version  ကွာခြားချက်တွေကို အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။

အဲ့ဒီ ဆော့ဖ်ဝဲကို သူ့ရဲ့ Official Website http://www.iobit.com/driver-booster.php  မှာ တနှစ် စာအတွက် $28.95 နဲ့ရောင်းပါတယ်။ 

Driver Booster 2 ကို Free Version အနေနဲ့လဲ ရှိပါတယ်။ Free Version နဲ့ Pro Version ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။ 



Driver Booster 2 ကို IObit ကနေ Halloween Promotion အနေနဲ့ ၆ လ အခမဲ့ အသုံးပြုခွင့် License တွေကို Facebook ကနေ တဆင့် ပေးနေပါတယ်။

အောက်ပါ အဆင့်များအတိုင်း တဆင့်ချင်းလုပ်သွားပြီး Halloween Promotion တွေကို ရယူလိုက်ပါ။

ပထမအဆင့်။ IObit ရဲ့ Halloween Facebook Promotion Page ကိုသွားပြီး Like လုပ်လိုက်ပါ။

ဒုတိယ အဆင့် IObit page ကို သင့်ရဲ့ Facebook စာမျက်နှာပေါ်မှာ PUBILCLY post အနေနဲ့ Share ပေးပါ။

တတိယ အဆင့် (နောက်ဆုံးအနေနဲ့)  သင့်ရဲ့ Mouse ကို နေရာရွှေ့ပြီး သင့်ကို လက်ဆောင် Free Code ပေးမယ့် Ghost လေးကို ရှာလိုက်ပါ။ Ghost လေးကို တွေ့ပြီဆိုရင် Ghost လေးက သင့်ကို Full Version ၆ လ သုံးလို့ရမယ့် Activation code လေးပေးပါလိမ့်မယ်။ 

အဲ့လို သူ့ရဲ့ Official Facebook Page မှာ အဆင့်တွေ အများကြီး မလုပ်ချင်ဘူးဆိုရင်တော့ အောက်ကနေ တိုက်ရိုက်ယူလို့ရပါတယ်။ အဲ့ဒါကလဲ သူ့ရဲ့ Official Webiste ကနေ ရယူထားတာပါပဲ။ 

Driver Booster 2 Pro 6 months License Activation Code
Download Here (DB2 code from IObit.txt) text file ထဲမှာ Software Download link လဲပါပါတယ်။


IObit ရဲ့ Halloween Promotion က Driver Booster 2 တခုတည်းပေးတာတော့ မဟုတ်ပါဘူး။ IObit Malware Fighter 2 နဲ့ Protected Folder တွေကိုလဲ ပေးပါတယ်။ ဒါပေမယ့် PCMag မဂ္ဂဇင်း ကပေးတဲ့ မှတ်ချက် ထဲမှာတော့ anti-Malware software တွေထဲမှာတော့ အတော့ကို ဆိုးလွန်း၊ ချာလွန်းတယ်လို့ဆိုထားပါတယ်။ အသေးစိတ် ဖတ်ချင်ရင် IObit Malware Fighter 2 review Page မှာ ဖတ်ကြည့်နိုင်ပါတယ်။  
အဲ့ဒါကိုမှ စမ်းကြည့်ချင်သေးတယ်ဆိုရင်တော့ အောက်မှာ ယူနိုင်ပါတယ်။

Malware Fighter 2 Pro 6 months License Activation Code

Download Here (IMF 2 code from IObit.txttext file ထဲမှာ Software Download link လဲပါပါတယ်။

ကိုယ့်ရဲ့ ဖိုင်တွေ Folder တွေကို တခြားသူတွေ မဖွင့်စေချင်ဘူး ဆိုရင်တော့ Protect Folder လေး စမ်းသုံးကြည့်လိုက်ပါ။ Protected Folder ကတော့ ကိုယ့်အနေနဲ့ ကိုယ့်ဖိုင်တွေကို ၆ လလောက် သူများဖွင့်တာကို တားဆီးပေးနိုင်ဖို့ အတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ လိုချင်ရင် အောက်မှာယူလိုက်ပါ။ 

Protected Folder Pro 6 months License Activation Code

Download Here (FP code from IObit.txttext file ထဲမှာ Software Download link လဲပါပါတယ်။



Tuesday, October 21, 2014

Bitdefender Total Security 2015 6 months license key free download


Bitdefender ရဲ့ anti-malware software တွေထဲကမှ အပြည့်စုံဆုံး နဲ့ အကောင်းဆုံး ဖြစ်တဲ့ Bitdefender Total Security Software latest version 2015 version ကို ၆ လ အခမဲ့ ရယူ သုံးစွဲနိုင်ပါပြီ။ Bitdefender ကောင်းကြောင်းတော့ လူတိုင်းသိပြီးသား မို့ ညွှန်း မနေတော့ပါဘူး။ 

2014 ရဲ့ အကောင်းဆုံး Security Software ဖြစ်သလို ၃ နှစ်ဆက်တိုက် အကောင်းဆုံး အဖြစ် သတ်မှတ် ခြင်းခံထားရတဲ့ Software ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပြည့်ဝရုံသာမက ပေါ့ပါးပြီး System ရဲ့ လုပ်ဆောင်ရည်ကို လုံးဝ သက်ရောက်ခြင်းမရှိပါဘူး။  အသေးစိတ် နှိုင်းယှဉ်ချက် Bit defender မှာပါတဲ့ feature တွေရဲ့ comparison ကို အောက်မှာ တင်ပေးထားပါတယ်။ 

အခု promotion ကတော့ WindowsDeal အတွက် ပေးတဲ့ Promotion ဖြစ်ပြီး ၂၅ ရက် ၁၀ လ ည သန်းခေါင် အချိန် အထိ Promotion ကာလ ကို သတ်မှတ်ထားပါတယ်။ အဲ့ဒီ အချိန် ကျော်သွားရင်တော့ Promotion Page ကို ဖွင့်လို့ရမှာ မဟုတ်တော့ပါဘူး။ 




Promotion Page Screenshot



Get Bitdefender Total Security 2015 6 months license key

Promotion Pagehere (၂၅ ရက် ၁၀ လ ည သန်းခေါင် အချိန် အထိသာ )

Download Bitdefender Total Security 2015 


Download Bitdefender uninstaller Tool


Product Comparison


တကယ်လို့များ Bitdefender Total Security အစား Internet Security ကို သုံးချင်တယ်ဆိုရင်တော့ အောက်က Link မှာ ၆ လ အခမဲ့ အသုံးပြု ခွင့်ကို ရယူနိုင်ပါတယ်။ အဲ့ဒါကတော့ Bitdefender ရဲ့ Official Promotion Page ဖြစ်ပြီး Promotion Period ကို သတ်မှတ် မထားတဲ့ အတွက် ဘယ်အချိန် အထိရမလဲတော့ မသိပါဘူး။ အခုအထိကတော့ ရနေပါသေးတယ်။ (တကယ်လို့များ မရဘူးဆိုရင် အောက်မှာ comment လေးရေးခဲ့ပါ။)

တကယ်လို့များ ကိုယ့်စက်ထဲမှာ Virus ရှိတာသေချာတယ် ဒါပေမယ့် ဘယ်လိုရှင်းရမလဲ မသိဘူးဆိုရင်တော့ Bitdefender ရဲ့ Virus Removal Tool လေးနဲ့ ဖြေရှုင်းလို့ရပါတယ်။

Saturday, September 27, 2014

Wise Care 365 Pro free download [UPDATE: 27.09.2014]

Wise Care 365 Pro 3.22.280 Full Version Free Download [UPDATE:09-09-2014]


Wise Care 365 Pro ဟာ CCleaner လိုပဲ လူသိများတဲ့ system tuning software လေးပါ။ အဲ့ဒီ software လေးက သင့် Windows System ရဲ့ မလိုအပ်ပဲ စက်ရဲ့လုပ်ဆောင်ရည်ကို နှေးကွေးစေတဲ့အရာတွေကို ရှင်းလင်းပေးပြီး သင့်စက်ရဲ့လုပ်ဆောင်ရည်ကို အလိုအလျှောက် မြှင့်တင်ပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ Wise Registry Cleaner နဲ့  Wise Disk Cleaner တွေရဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက်က သင့်စက်ရဲ့ HardDisk Fragment တွေ၊ Registry Fragment တွေကို အကောင်းဆုံးဖယ်ရှားပေးပြီး စက်ရဲ့လုပ်ဆောင်ရည်ကို မြှင့်တင်ပေးပါလိမ့်မယ်။ 

Wise Care 365 Pro ရဲ့အဓိက လုပ်ဆောင်ချက်တွေကတော့
  • ၁။ စက်ရဲ့လုပ်ဆောင်ရည်ကိုနှောင့်နှေးစေတဲ့ ပြဿ      နာတွေကို ဖြေရှင်းပေးပါတယ်။
  • ၂။ Harddisk ထဲက Fragment တွေကို ဖယ်ရှားပေးပြီး နေရာလွတ်တွေ ပိုမိုရရှိစေပါတယ်။
  • ၃။ Personal Privacy tracking data တွေကို အလိုအလျှောက်ဖယ်ရှားပေးပါတယ်။
  • ၄။ file recovery လုပ်လို့ရပါတယ်။
  • ၅။ အရေးကြီးတဲ့ ဖိုင်တွေ ဖိုဒါတွေကို hide လုပ်လို့ရပါတယ်။
  • ၆။ တခြားသူတွေ မိမိစက်ကိုလားသုံးတဲ့အခါ မသုံးစေချင်တဲ့ application တွေကိုလဲ ဖွင့်လို့မရအောင် လုပ်ထားလို့ရပါတယ်။
  • ၇။ gamer တွေနဲ့ လုပ်ငန်းသုံး enterprise software တွေကို သုံးတဲ့အခါ လုပ်ဆောင်ရည်ကောင်းစေဖို့ memory booster လုပ်လို့ရပါတယ်။
  • ၈။ "One Click Tune-up" တချက်လေး နှိပ်လိုက်ရုံနဲ့ သင့် ကွန်ပျူ တာရဲ့လုပ်ဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

MacX DVD Ripper Pro Full Version License Free Download [Update: 27.09.2014]

MacX DVD Ripper Pro for Windows



MacX DVD Ripper Pro ဟာ ဘယ်လို DVD (Data, OS, Movie, Music) ခွေမျိုးကိုမဆို Backup ဒါမှမဟုတ် Convert လုပ်ဖို့အတွက် ဖန်တီးထားတဲ့ software တခုဖြစ်ပါတယ်။ DVD ခွေတွေကို ISO ဖိုင်အနေနဲ့ဖြစ်ဖြစ်၊ folder အနေနဲ့ပဲ ဖြစ်ဖြစ် စိတ်ကြိုက်ရွေးလို့ရတဲ့ အပြင်၊ media entertainment တွေကို rip လုပ်တဲ့အခါ ဒါမှမဟုတ် convert လုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ mobile, tablet နဲ့ ကိုက်ညီတဲ့ Video, Audio format ကို နဂိုအရည်အသွေး မလျော့ကျစေပဲ တခါတည်း ပြောင်းနိုင်ပါတယ်။ Convert or Rip မလုပ်ခင်မှာလဲ Trim, Cut, Copy, Merge contents, extract audio သာမက အရည်အသွေးကောင်းမွန်တဲ့ movie screenshot တွေကိုပါ တခါတည်း ဖမ်းနိုင်ပါတယ်။

အဲ့ဒီ software ကို သူ့ရဲ့ Official Website မှာ $34.95 နဲ့ရောင်းပါတယ်။ အောက်က ပုံက သူ့ official Website ထဲမှာ ပြထားတဲ့ပုံပါ။ အဲ့ဒီထဲက Get It Now button ကိုနှိပ်လိုက်ရင် OSX အတွက် download zip ဖိုင်လေးကိုရပါလိမ့်မယ်။ Windows အတွက် ဆိုရင်တော့ အောက်က Share to Get  ဆိုတဲ့ Link လေးကိုနှိပ်ဖို့လိုပါတယ်။ အဲ့ဒါဆိုရင်တော့ ကိုယ့် facebook timeline ပေါ်မှာ MacX DVD Ripper Pro for Windows ကို promotion ပေးနေတယ်ဆိုတာ ကြေငြာတဲ့ post လေးတခု တက်လာပါမယ်။ ပြီးရင်တော့ Activation code ရပါလိမ့်မယ်။

Epubor Ultimate Converter Full Version Registration Code

Ebook တွေရဲ့ အရေးပါမှုက ဒီနေ့ခေတ်မှာ ထိပ်ဆုံးနေရာမှာရောက်နေတဲ့ အရာတွေထဲက တခုဖြစ်ပါတယ်။ Epubor ဟာ Ebook တွေကို  ကိုယ့်ရဲ့ Ebook Reader တွေနဲ့ လိုက်လျှော ညီထွေ ဖြစ်တဲ့ File Format ကို Convert လုပ်ပေးနိုင်တဲ့ Software ဖြစ်ပါတယ်။ Office တခုမှာ မှာ ဒါမှမဟုတ် Student တယောက်အတွက် အရမ်းအသုံးဝင်မယ့် Software လေးတခုဖြစပါတယ်။  

Epubor ဟာ Ebook Converter တွေထဲမှာတော့ ထင်ရှားလူသုံးများတဲ့ Software တခုဖြစ်ပါတယ်။ သူရဲ့ လျှင်မြန်မှု နဲ့ Output Product အရည်အသွေး ကောင်းတာတွေကြောင့် တခြား Free Software တွေရှိတာတောင်မှ သူ့ကို လူအများက ရွေးချယ်တာဖြစ်ပါတယ်။ သူဟာ ePub, PDF, AZW, Kingdle စတဲ့ Format မှန်သမျှကို ပြောင်းပေးနိုင်တယ်။ ဒါအပြင် DRM (Digital Right Management) Protected လုပ်ထားတဲ့ PDF တွေကိုလဲ Convert လုပ်ပေးနိုင်ပါတယ်။ နောက်တချက်က Free Software တွေမှာလို PDF ရဲ့ Layout ပျက်မသွားတာဟာလဲ သူ့ရဲ့ အားသာချက်တခုဖြစ်ပါတယ်။

Epubor Ultimate ဟာ ဖိုင်အများကြီးကို တပြိုင်တည်း Convert လုပ်ပေးနိုင်တဲ့အတွက် အချိန်ကုန်သက်သာပြီး အလုပ်တွင်ကျယ်ပါတယ်။




 သူ့ရဲ့ အဓိက Feature တွေကတော့ 
  • DRM protection လုပ်ထားထား မထားထား Convert လုပ်ပေးနိုင်ပါတယ်။
  • Click တချက်တည်းနဲ့ စာအုပ်အများကြီးကို တပြိုင်တည်း Convert လုပ်ပေးနိုင်ပါတယ်။
  • နဂိုမူလ ပုံစံအတိုင်း Output ပြန်ရပါတယ်။
  • အထူးတလည် Requirement ထပ်မလိုပါဘူး။
  • Drag and Drop function ပါပါတယ်။ စာအုပ်တွေကို Open file လုပ်နေစရာမလိုပါဘူး။
  • စာအုပ်တအုပ်ရဲ့ အရေးပါတဲ့ Metadata (Title, Cover, Author, Publisher, etc) တွေကိုလဲ ဖြည့်နိုင် ထည့်နိုင်ပါတယ်။ နောက်ပြီး စာအုပ်ရဲ့ အဖုံးကိုလဲ အလိုအလျှောက် Download လုပ်ပြီး ထည့်ပေးပါတယ်။


Epubor Ultimate eBook Converter Free Registration Code

အဲ့ဒီ Software ကို သူ့ရဲ့ Official Website မှာ $59.99 နဲ့ရောင်းပါတယ်။ အဲ့ဒါကို Topspftbargains က အခမဲ့ Promotion ပေးနေပါတယ်။ 
ဒီ Linkကိုသွားလိုက်ပါ။ Topsoftbargains ဟာ WOT certified မဖြစ်ပါဘူး။ အဲ့ဒါကြောင့် ကိုယ့် Email မသုံးပါနဲ့။  giveaway@topsoftbargains.com Email ကို သုံးပါ။ တကယ်လို့ Keys တိုက်ရိုက်လိုချင်တယ်ဆိုရင်တော့ ကျနော့ Dropbox ကနေ key.txt ဖိုင်လေးကို Download ယူလိုက်ပါ။ Dropbox Link
ယူလိုက်ပါ။ Software ကိုတော့ Official Page ကနေ Download ဆွဲလိုက်ပါ။ ဒါမှမဟုတ် ဒီ Link မှာယူပါ (အတူတူပါပဲ)

ဒီ Software Promotion ဟာ ၂၈.၀၉..၂၀၁၄ ည သန်းခေါင် ချိန် အထိသာပေးထားပါတယ်။ ဒါပေမယ့် သူက Install လုပ်တာကိုတော့ ၃ ရက်ခွင့်ပြုထားပါတယ်။ အဲ့ဒီတော့ ဒီ key နဲ့ ၃၀.၀၉.၂၀၁၄ အထိတော့ Registration လုပ်လို့ရနိုင်ပါတယ်။ 
မှတ်ချက်။     ။ သတ်မှတ်ရက် အချိန် (၂၈.၀၉.၂၀၁၄ ည သန်းခေါင်) ကျော်လျှင် ပေးထားသော Registration License key ကို အသုံးပြုလို့ ရ မရ အာမ မခံပါ။ နောက်ပြီး Promotion License များဟာ Version Update အသစ်များကို Update လုပ်လို့မရပါဘူး။ Update လုပ်ရင် Free Version ပြောင်းသွားပါလိမ့်မယ်။ 

Pdf Protection Remover 7.0 Full Version Free Download

တကယ်လို့များ သင့်အတွက် အရမ်းအသုံးဝင်တဲ့ PDF ဖိုင် တဖိုင်ဟာ ဖတ်လို့ပဲရပြီး Copy လုပ်လို့မရဘူး၊ Print လုပ်လို့မရဘူး။ နောက်ဆုံး Adobe Acrobat နဲ့ Editing လုပ်တာလဲ လုပ်လို့မရဘူး စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ် ဒါမှမဟုတ် ကြုံတွေ့ ဖူးတယ်ဆိုရင်တော့ PDF Protection Remover Software လေးကို ဆောင်ထားလိုက်ပါ။

PDF Protection Software လေးဟာ
PDF Protection Software လေးဟာ PDF သုံးတဲ့သူတွေတွက် လက်တွေ့အသုံးကျတဲ့ Software လေးပါ။ သူက encrypted (Supports 40-bit RC4, 128-bit RC4, 128-bit AES and 256-bit AES Encryption) လုပ်ထားတဲ့ PDF ဖိုင်တွေကို ပြန်ပြီး decrypted လုပ်ရာမှာ သုံးပါတယ်။ 
တကယ်တော့ Decrypted လုပ်တဲ့အခါ Software မအသုံးပဲ Manual လုပ်လို့ရတဲ့ နည်းတွေရှိပေမယ့် အဆင့်တွေများသလို ဖြည်ရတဲ့ နည်းတွေကလဲ တကျောင်းတဂါထာ တရွက် တပုဒ်ဆန်း ဆိုသလို တဖိုင်နဲ့တဖိုင် နည်းတွေမတူကြပါဘူး။ တနည်းမရ တနည်း စမ်းလုပ်နေမယ့် အစား ဒီလို ပေါ့ပေါ့ပါးပါး Software လေးသုံးလိုက်တာ ပို ပြီး လွယ်ကူ အဆင်ပြေပါတယ်။



ဒီ Software ကို သူ့ Official Website ဟာ $29.95 နဲ့ရောင်းပါတယ်။ ဒါကို WindowsDeal က Promotion ပေးနေပါတယ်။ ဒီ Link မှာသွားယူလိုက်ပါ။ Promotion ကာလကို ၂၉.၀၉.၂၀၁၄ ည သန်းခေါင် အချိန်အထိ ပေးထားပါတယ်။ အဲ့ဒီ မတိုင်ခင် အတွင်း Download လုပ်ပြီး Install လုပ်ရမှာဖြစ်ပါတယ်။ Promotion ကာလကျော်သွားရင်တော့ ရ မရ အာမမခံပါ။
၁။ Download နှိပ်ပါ။
၂။  ပြီးသွားရင် Proceed to Checkout ကို နှိပ်ပါ။
၃။ Email နဲ့ Confirm Email Address ထည့်လိုက်ပါ။
ဒါဆိုပြီးပါပြီ။ 
Download file က pdfprot.zip ဖြစ်ပါတယ်။ File Size က 5.57 MB ပါ။
သူက Pre-activated Software ပေးပါလိမ့်မယ်။ Key ထည့်စရာမလိုပါ။ 

မှတ်ချက်။     ။ သတ်မှတ်ရက် အချိန် (၂၉.၀၉.၂၀၁၄ ည သန်းခေါင်) ကျော်လျှင် ပေးထားသော Registration License key ကို အသုံးပြုလို့ ရ မရ အာမ မခံပါ။ နောက်ပြီး Promotion License များဟာ Version Update အသစ်များကို Update လုပ်လို့မရပါဘူး။ Update လုပ်ရင် Free Version ပြောင်းသွားပါလိမ့်မယ်။ 

Friday, September 19, 2014

Apowersoft Video Converter Studio Full Version License Code


Apowersoft Video Converter Studio ကလဲ ရိုးရှင်းတဲ့ Video Converter Software လေးပါပဲ။ သူကလဲ Video Format အတော်များများကို ပြောင်းပေးနိုင်သလို HD Video တွေကိုလဲ Convert လုပ်ပေးနိုင်တယ်လို့ပြောထားပါတယ်။ သူကလဲ Multimedia Devices အတော်များများ နဲ့ အဆင်ပြေပါတယ်။  AVI, MKV, AMV, MP4, WMV, 3GP, FLV, SWF, HTML5, and DVD, Apple, Android, and Sony formats အားလုံးအတွက်လဲ သုံးလို့ရပါတယ်။ HD1080P, HD720P  qualityတွေကိုလဲ Convert လုပ်နိုင်ပါတယ်။ DVD နဲ့ HDTV တွေအတွက်လဲ အသုံးဝင်ပါတယ်။ MP2, MP3, AC3, WMA, WMV, OGG, FLAC, AAC, and RealMedia စတဲ့ Audio Format အမျိုးမျိုးကိုလဲ Separate လုပ်ပေးနိုင်ပါတယ်။ 

Edition လုပ်ဖို့အတွက်လဲ cut, merge, crop စတာတွေ black bar တွေဖယ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ Screen size နဲ့ ကိုက်ညီနဲ့ အချိုးအစားကိုလဲ ပြောင်းပေးနိုင်ပါတယ်။ နောက် ပုံတွေ ရေစာတွေကိုလဲ ကိုယ့်စိတ်ကြိုက်ထည့်ပြီး ကိုယ်ပိုင် Video တခု ဖန်တီးနိုင်ပါတယ်။ တကယ်လို့များ မူရင်း DVD မှာ audio language အမျိုးမျိုး၊ စာတန်းထိုး အမျိုးမျိုး ပါခဲ့ရင်လဲ သင့်စိတ်ကြိုက်ရာတခုကို ရွေးချယ် ထည့်သွင်းနိုင်အပြင် ကိုယ့်စိတ်ကြိုက် ရှာဖွေ ဖန်တီးထားတဲ့ အသံဖိုင်တွေ စာတန်းထိုး ဖိုင်တွေကိုလဲ ထည့်ပေးနိုင်ပါတယ်။ 


သူ့ရဲ့ အဓိက Feature တွေကတော့
  • ဘယ် Video Format ကနေ မဆို Video ဒါမှမဟုတ် Audio format ကိုမဆို အလွယ်တကူ ပြောင်းပေးနိုင်ပါတယ်။
  • အသံ ဖိုင်တွေကိုလဲ Format ပြောင်းပေးနိုင်ပါတယ်။
  • Video တွေကိုလဲ edit လုပ်လို့ရပါတယ်။ (Cut, Merge, Crop)
  • External Subtitle တွေထည့်လို့ရသလို built-in subtitle ကိုလဲ edit လုပ်လို့ရပါတယ်။ 
ဒီ Software ကို $39.95 နဲ့ ရောင်းပါတယ်။ ဒါပေမယ့် ဒီ Software ကိုပဲ သူ့ရဲ့ Official Company က Promotion ပေးတဲ့အနေနဲ့ License Version တွေကို ၂၄ နာရီ အခမဲ့ ပေးနေပါတယ်။ ဒီ Software ကိုတော့ 19 09 2014 နေ့လည် ၁ နာရီ ခွဲ မတိုင် အောက်ပါနည်းအတိုင်း အခမဲ့ ရယူနိုင်ပါတယ်။

ဒီ စာမျက်နှာ Link ကိုသွားပါ။ Social Media တခုခုကို Share ဖို့ပြောပါလိမ့်မယ်။ နှိပ်လိုက်ပါ (တကယ် Share လုပ်ဖို့မလိုပါ) စက္ကန့်အနည်းငယ် စောင့်လိုက်ရုံနဲ့ Registration Form ပေါ်လာပါလိမ့်မယ်။ အောက်ပုံများကိုကြည့်ပါ။ နာမည် နဲ့ အီးမေးလ် ထည့်ပြီး "Get It Now" ကို နှိပ်လိုက်ပါ။ သင့်ရဲ့ Email ထဲကို License Key နဲ့ Download link ပို့ပေးလာပါလိမ့်မယ်။ တကယ်လို့များ Apowersoft ရဲ့ Email ကို Inbox ထဲမှာရှာမတွေ့ခဲ့ရင်တော့ Spam box ထဲမှာ ရှာကြည့်လိုက်ပါ။ 



မှတ်ချက်။    ။ သတ်မှတ်ရက် အချိန် (၁၉.၀၉.၂၀၁၄ - နေ့လည် ၁ နာရီ ခွဲ ၁း၃၀) ကျော်လျှင် license key ရ မရ အာမ မခံပါ။ key ရလျှင်လဲ activate လုပ်ရ မရ အာမ မခံပါ။

WonderFox HD Video Converter Factory Pro Full Version License


ဒီ HD Video Converter Factory Pro software ကတော့ WonderFox Soft က ထုတ်လုပ်တာဖြစ်ပြီး Professional လုပ်ငန်းသုံး အတွက် All-in-One High Definition Video Converter Software ဖြစ်ပါတယ်။ ဒီ Software ကတော့ HD version Video တွေသာမက SD (Standard Definition) Video များကိုပါ ပင်ကိုမူလ အရည်အသွေး မလျှော့ကျစေပဲ လူသုံးများတဲ့ Video Format  အားလုံးကို ပြောင်းလဲပေးနိုင်ရံသာမက သင့် multimedia devices များနဲ့ အဆင်ပြေမယ့် Video Format, Video Quality တွေကိုလဲ ရွေးချယ်နိုင်ပါတယ်။ DVD movies တွေကို သင့် IPhone, IPad, IPod, Apple TV, PSP, Xbox, Zune နဲ့ Android Devices တွေနဲ့ ကြည့်ဖို့အတွက် သင့်တော်ပါတယ်။ နောက်ပြီး ဒီ Software ဟာ Video Converting သာမက Video Edition Function တွေလဲ အတော်စုံစုံလင်လင် ပါဝင်တဲ့အပြင် Sense တခုချင်းစီမှာလဲ Video Effect တွေထည့်နိုင်ပါသေးတယ်။ 

ဒီ Video Converter Pro Software ဟာ သင့် Media device တွေဖွင်လို့ရတဲ့ Format ကို သင်မသိလဲ သင့် Device အမျိုးအစားကို ရွေးလိုက်ရုံနဲ့ အဆင်ပြေမယ့် Formatကို အလိုအလျှောက်ရွေးပေးပါတယ်။ သူ့ရဲ့ UI (User Interface) ဟာလဲ အရမ်းကို ရိုးရှင်းလွယ်ကူတဲ့အတွက် သုံးစွဲသူတွေအတွက် အထူးလေ့လာ သိနားလည်စရာမလိုပဲ သုံးစွဲနိုင်တဲ့ Software မျိုးဖြစ်ပါတယ်။ 

နောက်ဆုံးအနေနဲ့ ဒီ Software ကိုသုံးပြီး video ဖိုင် တခုကနေ အသံ သီးသန့် MP3 format ခွဲထုတ်နိုင်သလို Video ထဲက sense တွေကိုလဲ JPG format နဲ့ Capture လုပ်နိုင်ပါတယ်။ 

HD Video Converter Factory Pro ရဲ့ Feature တွေကတော့ 
  • HD Video တွေကို Video အနေနဲ့ ပဲဖြစ်ဖြစ် Audio ချည်းပဲဖြစ်ဖြစ် Online Streaming လုပ်ဖို့ နဲ့ Mobile Device တွေအတွက် Converter လုပ်ဖို့ အရမ်းကို အဆင်ပြေပါတယ်။
  • Vidoe အများကြီးကို တပြိုင်တည်း Convert လုပ်နိုင်ပါတယ်။
  • လက်တွေ့အသုံးကျတဲ့ Video Editing Function တွေနဲ့ Special Effect တွေပါဝင်ပါတယ်။
  • VBR (Variable Bit Rate) စနစ်ကြောင့် အရည်အသွေးမကျပဲ File Size ကို သေးငယ်စေပါတယ်.။


WonderFox HD Video Converter Factory Pro Registration Code
ဒီ Software ကို $29.95 နဲ့ ရောင်းချပြီး Bitsdujour website ကနေ Promotion အနေနဲ့ ၂၄ နာရီ အတွင်း မည်သူမဆို Full Version Software ကို အခမဲ့ ရယူနိုင်ပါတယ်။ အခမဲ့ ရယူရန် ဒီ Link ကိုသွားပြီး မိမိ Email နဲ့ နာမည်လေး ထည့်ပေးလိုက်ပါ။ သင့် Email ကို License keys နဲ့ Software Download Link ပို့ပေးလာပါလိမ့်မယ်။  တကယ်လို့များ Bitsdujour ရဲ့ Email ကို Inbox ထဲမှာရှာမတွေ့ခဲ့ရင်တော့ Spam box ထဲမှာ ရှာကြည့်လိုက်ပါ။ 

မှတ်ချက်။    ။ သတ်မှတ်ရက် အချိန် (၁၉.၀၉.၂၀၁၄ - နေ့လည် ၁ နာရီ ခွဲ ၁း၃၀) ကျော်လျှင် license key ရ မရ အာမ မခံပါ။ key ရလျှင်လဲ activate လုပ်ရ မရ အာမ မခံပါ။

Monday, September 15, 2014

BitDefender Mobile Security & Antivirus For Android Free Download 6 Months License Key [Update:16.09.2014]

Bitdefender ဟာ ကမ္ဘာအကောင်းဆုံး Antivirus software တွေထဲကမှ ထိပ်ဆုံးနားမှာ အမြဲရှိနေတဲ့ Antivirus software ပါ။ သူ့ရဲ့ Desktop/laptop products တွေဟာ သုံးဖူးတဲ့သူတိုင်း Security ပိုင်းမှာသာမက Performance နဲ့ Usability တွေမှာပါ ယုံကြည်စိတ်ချ စိတ်ကျေနပ်မှုရစေပါတယ်။ အခု Android Mobile အတွက်ထုတ်ထားတဲ့ Bitdefender ရဲ့ Android Application ကလဲ အကောင်းဆုံး၊ ယုံကြည်စိတ်ချရမှုအရှိဆုံး ဆိုတာတွေထဲက တခုပါပဲ။
သူ့ရဲ့အဓိက Feature တွေကတော့
၁။ Melware Scanner: စွမ်းဆောင်ရည်ပြည့်ဝတဲ့ အမြဲ Update ဖြစ်နေတဲ့ Cloud-Based melware scanner. 

၂။ Privacy Advisor: ကိုယ့်ဖုန်းထဲက Application တခုစီရဲ့ Privacy Risk တွေကို သတိပေးပြီး App install လုပ်တဲ့အခါ  နောက်ကွယ်ကနေ အလိုအလျှောက် စစ်ဆေးပေးပါတယ်။ 

၃။ Web Security: Browser App, Chrome App စတဲ့ Default App တွေနဲ့ Internet သုံးတဲ့အခါ အကောင်းဆုံးကာကွယ်မှုပေးပါတယ်။

၎။ Anti-Theft: အကောင်းဆုံး Web based, SMS based features တွေပါဝင်တယ်။ ပုံမှန် ပါလေ့ပါထရှိတဲ့ Locate, Lock, Scream, Wipe တွေသာမကပဲ ကိုယ့်ဖုန်းကို ကိုယ့်ဆီကို Speaker ဖွင့်ပြီး ပြန်ခေါ်စေတဲ့ Call me feature, ကိုယ်ခေါ်တာကို ဘယ်သူမှကိုင်စရာမလိုပဲ Speaker ဖွင့်ပြီး အလိုအလျှောက် လက်ခံစေတဲ့ Answer Feature တွေအပြင် Sim Change နဲ့ Trust Number ကလဲ ကိုယ့်ဖုန်းကို တစုံတယောက်က Sim Card အသစ် လဲလိုက်တာနဲ့ ကိုယ် သတ်မှတ်ထားတဲ့ ဖုန်းကို Message ပို့ပြီး အကြောင်းကြားပေးပါတယ်။ 

၅။ App-lock: တခြားသူတွေ မဖွင့်စေချင်တဲ့ App တွေကို လဲ Lock လုပ်ထားလို့ရပါတယ်။ 

၆။ Event Viewer: ကိုယ့်စက်ကို အမြဲ Monitor လုပ်ထားပြီး လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ထားပေးပါတယ်။ 

၇။ သင်သာ Android Smart Watch တခုခုကို ဝတ်ဆင်ထားပြီး သင့်ဖုန်းကို မေ့ခဲ့၊ ကျန်ခဲ့ပြီး ထွက်သွားမယ်ဆိုရင် Bitdefender Mobile Security Software လေးက သင့်ကို ဖုန်းကျန်ခဲ့ကြောင်း သတိပေးပါလိမ့်မယ်။  အလန်းပဲ။



၈။ နောက်ဆုံးအချက်ကတော့ Ideal Stage မှာ Battery Consumption ဟာ မပြောပလောက်အောင် နည်းပါတယ်။ သင့်ဖုန်းရဲ့ လုံခြုံရေးအတွေက် လုံလောက် ပြီးပြည့်စုံတဲ့ Mobile Security Suite လေးပါပဲ။ 

အရမ်းကောင်းတဲ့ ဒီ Android software လေးကို ကို 6 လ အခမဲ့ ရယူ သုံးစွဲခွင့် ခွင့်ပြုနေပါတယ်။ ဒါကလဲ Promotion သတ်မှတ်ထားတဲ့ အချိန်အတွင်းသာ ဖြစ်ပါတယ်။  

Saturday, September 13, 2014

Facebook ထဲက အလိမ်အညာတွေ ကို ဘယ်လိုသိနိုင်မလဲ။

ဒီနေ့ခေတ်မှာ အင်တာနက်သုံးတဲ့လူတိုင်း Facebook မသုံးတဲ့သူ မရှိသလောက်ပါပဲ။ ဒါပေမယ့် အင်တာနက်ထဲကနေ Social Network ပေါ်ကနေ Identity Thief တွေရဲ့ အန္တရာယ်ကို မမြင်ကြ မတွေ့ကြ မကြုံ ကြသေးတော့ ကြောက်ရကောင်းမှန်း မသိကြဘူး။ အထူးသဖြင့် ခေတ်ပညာတတ် ဆရာဝန်၊ အင်ဂျင်နီယာ တွေသာမက ကွန်ပျူတာ ဘွဲ့ရတွေ ကိုယ်တိုင်တောင် သေသေချာချာ မသိကြတော့ အလိမ်အညာတွေရဲ့ သားကောင်တွေ ဖြစ်သွားရတာ အများကြီး မြင်တွေ့နေရပါတယ်။ တချို့တွေကလဲ "ငါတို့အချက်အလက်တွေ ခိုးလို့ ဘာရမှာလဲ ဘာမှ ရမှာမဟုတ်ဘူး" လို့ပြောကြတယ်။ ဒါပေမယ့် သူတို့တွေဟာ ကိုယ်တိုင် အလိမ်ခံရရုံ မက လူလိမ်တွေရဲ့ အသုံးချမှုကိုခံရပြီး သူတို့ရဲ့ သူငယ်ချင်းတွေကိုပါ အလိမ်ခံရအောင် သူခိုးဓါးရိုးကမ်းနေမှန်း မသိကြတာ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။

တကယ်တမ်းပြောရရင် IT နည်းပညာလောကမှာ Facebook သုံးသည်ဖြစ်စေ မသုံးသည် ဖြစ်စေ၊ အင်တာနက်နဲ့ချိတ်ဆက်နေသမျှ၊100% ရာနှုန်းပြည် လုံခြုံတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ဒါပေမယ့် ကိုယ်က လွယ်လွယ်ကူကူ လူလိမ်လူညာတွေရဲ့ သားကောင်၊ တခြားသူတွေ အလိမ်ခံရခြင်းရဲ့ ဓါးစာခံ မဖြစ်ရအောင်လို့ ထောင်ပေါင်းများစွာသော Facebook ပေါ်က အလိမ်အညာတွေထဲကမှ သိထားသင့်တဲ့ အလွယ်တကူသိနိုင်တဲ့ Facebook ထဲက လိမ်နည်းတချို့ကိုဖော်ပြလိုက်ပါတယ်။ 

၁။ သင့်ရဲ့ Profile ကို ဘယ်သူတွေ လာကြည့်သလဲ ဆိုတာ သိနိုင်တယ် ဆိုတဲ့ App တွေဟာ အလိမ်အညာတွေပါ။ 
တကယ်တော့ ဒီ App ဟာ သင့် Profile ကို အမှန်တကယ် ဝင်လာကြည့်တဲ့ လူတွေရဲ့ စာရင်းကိုပြတာမဟုတ်ပဲ သင့်လိုပဲ ဒီ App ကို သုံးပါမယ်ဆိုပြီး Profile ထဲက Friends List တွေ ရယူပြီး၊ ယောက်ကျား မိန်းမ အရေအတွက် စိတ်ဝင်စားတဲ့ အကြောင်းအရာ စတာတွေကို အခြေခံပြီး အဲ့ဒီထဲကမှ Statistics ဆိုတဲ့ နည်းကိုသုံးပြီး လူစာရင်းကို ပြန်တင်တာပါ။ အဲ့လို App တွေက User တွေရဲ့ Profile တွေကတဆင့် Celebrities တွေရဲ့ Personal Info တွေခိုးယူပြီး ငွေညှစ် ခြိမ်းခြောက်တာ မျိုးတွေ လုပ်တတ်ကြပါတယ်။ အောက်က ပုံတွေ့ ထင်ရှားတဲ့ Facebook Scams Apps တွေပါ။ 

၂။ သင့် Facebook ရဲ့ အရောင် နဲ့ Themes တွေကိုပြောင်းလို့ရတယ် ဆိုတဲ့ App တွေဟာလဲ အလိမ်အညာတွေပါ။
Facebook ဟာ သူရဲ့ ပင်ကိုမူလ အပြာရောင်ကနေ ဘယ်တုန်းကမှ တခြားအရောင်ကို ပြောင်းခွင့်မပြုခဲ့သလို ပြောင်းလို့လဲ မရပါဘူး။ အဲ့ဒီ Apps တွေဟာ ပထမ သင့်ရဲ့ Profile ကို ဝင်ခွင့်တောင်းမယ်။ သင့် Wall ပေါ်မှာ သူတို့ရဲ့ အလိမ်အညာတွေကို ထပ်ဖြန့်မယ်။ ပြီးရင် သင်တို့ကို နောက်ထပ် Add-ons တခု ထပ် Download ဆွဲခိုင်းပြီး သင့်ရဲ့ Browser မှာ Install လုပ်ခိုင်းပါလိမ့်မယ်။ အဲ့ဒါနောက် သင့်တို့ Facebook ကို ပြန်သွားကြည့်လိုက်ရင် Facebook အရောင်ပြောင်းနေတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် တခြား Computer ဒါမှမဟုတ် တခြား Browser ကနေ ပြောငိးဝငိကြည့်လိုက်ပါ။ သင့် Facebook ဟာ အပြာရောင်ပဲဖြစ်နေမှာပါ။ တခြားသူတွေကလဲ အပြာရောင်ပဲ မြင်ရမှာပါ။  ဒီ Add-on သုံးထားတဲ့ Browser သုံးပြီး Facebook ကိုဖွင့်မှ မြင်ရပါလိမ့်မယ်။ အဲ့ဒီ Add-on က သင့် Facebook ကို အရောင် ပြောင်းရုံပဲ ဆိုရင်တော်ပါသေးတယ် ဆိုရပါလိမ့်မယ်။ အဲ့ဒီ Browser ကိုသုံးပြီး သင်လုပ်သမျှကို မှတ်တမ်းယူပြီး သင့်ရဲ့ အချက်အလက် တွေကို ခိုးယူနိုင်ပါသေးတယ်။ 
တကယ်တော့ Facebook အရောင် ပြောင်းတယ်ဆိုတာ ဥပမာ အနေနဲ့ပြောရရင် မြင်းနက်ကြီးကို အဖြူကြားတွေ အနောက်မှာ ရပ်ခိုင်းပြီး jမြင်းကြားကြီးပါလို့ လိမ်တဲ့ ပုံစံပါပဲ။ 


၃။ Facebook မှာ disklike ဒါမှမဟုတ် love Buttons တွေ ထပ်ထည့်လို့ရတယ် ဆိုတဲ့ App တွေဟာလဲ အလိမ်အညာတွေပါ။
Facebook မှာ ဘာ button မှ ကိုယ့်ဖာသာကိုယ် ထပ်ထည့်လို့မရပါဘူး။ Facebook မှာမှ မဟုတ်ပါဘူး ဘယ် Website မှာမှ Website ပိုင်ရှင် ရဲ့ ခွင့်ပြုချက်မရှိပဲ ဘာမှ ပြင်လို့မရပါဘူး။ Website ဆိုတာ Computer ထဲမှာ ရှိတာမဟုတ်ပါဘူး။ အင်တာနက် Server ပေါ်မှာသာ ရှိတာပါ။ သင်တို့ စက်ထဲမှာ မြင်ရတဲ့ Website ဟာ ပုံနှိပ်ပြီးသား စာရွက်တရွက်လိုပါပဲ။ ပေးထားတဲ့ ရှိပြီးသား လုပ်ပိုင်ခွင့်ထက် ပိုလုပ်လို့မရပါဘူး။ တကယ်လို့ အဲ့ဒီလို App တွေကို Click နှိပ်မိရင် သင့်ရဲ့ Facebook Account ဟာ သင် သဘောဆန္ဒ မပါပဲ၊ သင်မသိလိုက်ရပဲ  Post ပေါင်းများစွာကို  သင့် ရဲ့ Wall ပေါ်မှာသာမက Friends တွေရဲ့ Walls တွေပေါ်မှာပါ တင်နေပါလိမ့်မယ်။ သင်ကတော့ အဲ့ဒီ Post တွေကို မမြင်ရသလို သင်သူငယ်ချင်းတွေ့လဲ သင် ပေါက်ကရတွေ တင်နေတယ်လို့ ထင်နေပါလိမ့်မယ်။ 

၎။ အလှူရှင်းတယောက်က Like တခါလုပ်ရင် ၁ ဒေါ်လာ၊ Share လုပ်ရင် ၃ ဒေါ်လာ လှူပါ့မယ်ပြောလို့ Like and Share လုပ်ပေးကြပါဆိုတဲ့ Like and Share Plan ဓါတ်ပုံများ ဟာလဲ လိမ်နည်းတွေပါပဲ။
Facebook ပေါ်ကနေ တဆင့် ကျနော်တို့နိုင်ငံမှာ လူအတော်များများကို ကူညီပေးဖူးခဲ့တာ တွေ့ကြမြင်ကြမှာပါ။ ဥပမာ အရပ်ရှည်လွန်ရောဂါရှင်တွေ၊ နှာခေါင်းထဲမှာ အကျိတ်ကြီးရှိနေသူတွေ၊ ဦးနှောက်မှာ အရေအိတ် ဖိမိနေတဲ့ ကလေးငယ်တွေ စသည် စသည်ဖြင့် အများကြီးရှိပါတယ်။ ကူညီနိုင်သူတွေ ကူညီနိုင်အောင် Share လုပ်ပေးကြတာပါပဲ။ ဒါပေမယ့် တချီု့တွေကတော့ Like 1000 ရမှ ရည်းစားက အဖြေပေးမှာ၊ အလှူရှင်က Like and Share ပမာဏနဲ့ လှူမှာတို့ ဆိုတာတွေက တကယ့် သူတို့ Page လေး Like လိုချင်တာနဲ့ တကယ့် ပရဟိတ ကူညီချင်သူတွေရဲ့ စိတ်ကောင်းနှလုံးကောင်းကို အသုံးချသွားတာပါ။ တကယ် ဟုတ်မဟုတ်သိချင်ရင် သူတို့ထဲက စာကိုကူးပြီး Google ထဲမှာ ရှာကြည့်လိုက်ပါ။ အစစ်လား အလိမ်လား ချက်ချင်း အဖြေပေါ်ပါလိမ့်မယ်။ 

၅။ လူတော်တော်များများကတော့ ဒီ Video Clip လေးကို ၁၀ စက္ကန့်ထက် ပိုမကြည့်ရဲ့ကြဘူး။ ဆိုတဲ့ ကြော်ငြာနဲ့ ကြည့်ဖို့ပြောတာဟာလဲ လိမ်တာပါပဲ
ပထမတော့ လူစိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေ၊ ကြောက်စရာ၊ ရွံစရာ ပုံတွေနဲ့ လူတွေရဲ့အာရုံကို စွဲဆောင် ပါတယ်။ နောက် လူတွေကို မကြည့်ချင် ကြည်ချင် စေမယ့် စကားတွေနဲ့ စိတ်ကို ဆွ ပါတယ်။ အဲ့ဒါကို မှ ကိုယ်က စိတ်မထိန်းနိုင်လို့ နှိပ်လိုက်မိရင်တော့ နောက်တဆင့် အနေနဲ့ ကိုယ့်စက်ထဲကို တစုံတခု Install လုပ်ဖို့ တောင်းဆိုလာပါလိမ့်မယ်။ ကိုယ်မသိတဲ့လူတယောက် ကပေးတဲ့အစားအစာကို မစားသင့်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲ့ဒီ သဘောတရားအတိုင်းပဲ ကိုယ်မသိတဲ့ စိတ်ချယုံကြည်ရမှု မရှိတဲ့ အရင်းအမြစ် (ဥပမာ။ ။ ကိုယ် Download လုပ်ရမယ့် Website ဟာ Official Website မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် ယုံကြည်စိတ်ချရမှုမရှိတဲ့ Third Party Website တခု မဟုတ်ဘူးဆိုရင် အလိမ်အညာဖြစ်ဖို့များပါတယ်) ကနေ ရတဲ့ ဘာမှန်းသေသေချာများ မသိတဲ့ Software ကို Install မလုပ်သင့်ပါဘူး။ 


၆။ နာမည်ကြီး Celebrities တွေရဲ့ အညှီအဟောက်တွေအကြောင်း ဗွီဒီယို Link တွေ အများစုကလဲ အလိမ်တွေပါပဲ။
Paris Hilton တို့ Kim Kardashian တို့ စတဲ့ နာမည်ကြီးတွေရဲ့ အညှီအဟောက် ဗွီဒီယိုတွေ တကယ်ပဲ ပြန့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဗွီဒီယို ဟာ တကယ် ဟုတ်မဟုတ်သိချင်ရင်တော့ သူ့ရဲ့ Post Title ကို ကူးကြီး Google မှာ ရှာကြည့်လိုက်ပါ။ အလိမ်အညာ အများစုက Video Player Plugin Install လုပ်ခိုင်းပါတယ်။ တချို့ဆိုရင် Adobe Flash Player Version နိမ့်နေလို့ ဆိုပြီး Install လုပ်ခိုင်းပါတယ်။ တကယ်သာ Adobe Flash Player ကို Install လုပ်ဖို့လိုရင် Adobe Official Website မှာ သွား Download ဆွဲပြီး ကိုယ့်ဖာသာကိုယ် Install လုပ်သင့်ပါတယ်။ အပေါ်မှာပြောခဲ့သလို ကိုယ်မသိတဲ့ လူတွေ ပေးတဲ့ Software ကို ကိုယ့် ကွန်ပျူတာ ပေါ်မှာ Install မလုပ်ပါနဲ့။ 

၇။ သင် Like and Share လုပ်ခြင်းဖြင့် ဆု ရယူပါဆိုတာတွေကလဲ သင့်ကို အသုံးချပြီး ကြော်ငြာဝင်တဲ့ လိမ်နည်းပါပဲ။ 
အထူးသဖြင့် ကုမ္ပဏီကြီးတွေ ထင်ရှားတဲ့ အမှတ်တံဆိပ်တွေ ကို အသုံးချပြီး လုပ်လေ့ရှိပါတယ်။ အများစုကတော့ တခါမှ မရကြပါဘူး။ တကယ့် ကုမ္ပဏီကြီးတွေကလဲ Hardware တွေ ဆုကြေးတွေကို အဲ့လိုမျိုး Social Network တွေကနေ လုပ်လေ့လုပ်ထ မရှိပါဘူး။ Official Page ကနေပဲ Promotion လုပ်တာများပါတယ်။ Software Promotion တချို့ကို တချို့နိုင်ငံတွေက Social Network ကနေတဆင့် ပေးတတ်ပါတယ်။