Apowersoft Video Converter Studio ကလဲ ရိုးရှင်းတဲ့ Video Converter Software လေးပါပဲ။ သူကလဲ Video Format အတော်များများကို ပြောင်းပေးနိုင်သလို HD Video တွေကိုလဲ Convert လုပ်ပေးနိုင်တယ်လို့ပြောထားပါတယ်။ သူကလဲ Multimedia Devices အတော်များများ နဲ့ အဆင်ပြေပါတယ်။ AVI, MKV, AMV, MP4, WMV, 3GP, FLV, SWF, HTML5, and DVD, Apple, Android, and Sony formats အားလုံးအတွက်လဲ သုံးလို့ရပါတယ်။ HD1080P, HD720P qualityတွေကိုလဲ Convert လုပ်နိုင်ပါတယ်။ DVD နဲ့ HDTV တွေအတွက်လဲ အသုံးဝင်ပါတယ်။ MP2, MP3, AC3, WMA, WMV, OGG, FLAC, AAC, and RealMedia စတဲ့ Audio Format အမျိုးမျိုးကိုလဲ Separate လုပ်ပေးနိုင်ပါတယ်။
Edition လုပ်ဖို့အတွက်လဲ cut, merge, crop စတာတွေ black bar တွေဖယ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ Screen size နဲ့ ကိုက်ညီနဲ့ အချိုးအစားကိုလဲ ပြောင်းပေးနိုင်ပါတယ်။ နောက် ပုံတွေ ရေစာတွေကိုလဲ ကိုယ့်စိတ်ကြိုက်ထည့်ပြီး ကိုယ်ပိုင် Video တခု ဖန်တီးနိုင်ပါတယ်။ တကယ်လို့များ မူရင်း DVD မှာ audio language အမျိုးမျိုး၊ စာတန်းထိုး အမျိုးမျိုး ပါခဲ့ရင်လဲ သင့်စိတ်ကြိုက်ရာတခုကို ရွေးချယ် ထည့်သွင်းနိုင်အပြင် ကိုယ့်စိတ်ကြိုက် ရှာဖွေ ဖန်တီးထားတဲ့ အသံဖိုင်တွေ စာတန်းထိုး ဖိုင်တွေကိုလဲ ထည့်ပေးနိုင်ပါတယ်။
သူ့ရဲ့ အဓိက Feature တွေကတော့
- ဘယ် Video Format ကနေ မဆို Video ဒါမှမဟုတ် Audio format ကိုမဆို အလွယ်တကူ ပြောင်းပေးနိုင်ပါတယ်။
- အသံ ဖိုင်တွေကိုလဲ Format ပြောင်းပေးနိုင်ပါတယ်။
- Video တွေကိုလဲ edit လုပ်လို့ရပါတယ်။ (Cut, Merge, Crop)
- External Subtitle တွေထည့်လို့ရသလို built-in subtitle ကိုလဲ edit လုပ်လို့ရပါတယ်။
ဒီ Software ကို $39.95 နဲ့ ရောင်းပါတယ်။ ဒါပေမယ့် ဒီ Software ကိုပဲ သူ့ရဲ့ Official Company က Promotion ပေးတဲ့အနေနဲ့ License Version တွေကို ၂၄ နာရီ အခမဲ့ ပေးနေပါတယ်။ ဒီ Software ကိုတော့ 19 09 2014 နေ့လည် ၁ နာရီ ခွဲ မတိုင် အောက်ပါနည်းအတိုင်း အခမဲ့ ရယူနိုင်ပါတယ်။
ဒီ စာမျက်နှာ Link ကိုသွားပါ။ Social Media တခုခုကို Share ဖို့ပြောပါလိမ့်မယ်။ နှိပ်လိုက်ပါ (တကယ် Share လုပ်ဖို့မလိုပါ) စက္ကန့်အနည်းငယ် စောင့်လိုက်ရုံနဲ့ Registration Form ပေါ်လာပါလိမ့်မယ်။ အောက်ပုံများကိုကြည့်ပါ။ နာမည် နဲ့ အီးမေးလ် ထည့်ပြီး "Get It Now" ကို နှိပ်လိုက်ပါ။ သင့်ရဲ့ Email ထဲကို License Key နဲ့ Download link ပို့ပေးလာပါလိမ့်မယ်။ တကယ်လို့များ Apowersoft ရဲ့ Email ကို Inbox ထဲမှာရှာမတွေ့ခဲ့ရင်တော့ Spam box ထဲမှာ ရှာကြည့်လိုက်ပါ။
0 comments:
Post a Comment