တကယ်လို့များ သင့်အတွက် အရမ်းအသုံးဝင်တဲ့ PDF ဖိုင် တဖိုင်ဟာ ဖတ်လို့ပဲရပြီး Copy လုပ်လို့မရဘူး၊ Print လုပ်လို့မရဘူး။ နောက်ဆုံး Adobe Acrobat နဲ့ Editing လုပ်တာလဲ လုပ်လို့မရဘူး စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ် ဒါမှမဟုတ် ကြုံတွေ့ ဖူးတယ်ဆိုရင်တော့ PDF Protection Remover Software လေးကို ဆောင်ထားလိုက်ပါ။
PDF Protection Software လေးဟာ
PDF Protection Software လေးဟာ PDF သုံးတဲ့သူတွေတွက် လက်တွေ့အသုံးကျတဲ့ Software လေးပါ။ သူက encrypted (Supports 40-bit RC4, 128-bit RC4, 128-bit AES and 256-bit AES Encryption) လုပ်ထားတဲ့ PDF ဖိုင်တွေကို ပြန်ပြီး decrypted လုပ်ရာမှာ သုံးပါတယ်။
တကယ်တော့ Decrypted လုပ်တဲ့အခါ Software မအသုံးပဲ Manual လုပ်လို့ရတဲ့ နည်းတွေရှိပေမယ့် အဆင့်တွေများသလို ဖြည်ရတဲ့ နည်းတွေကလဲ တကျောင်းတဂါထာ တရွက် တပုဒ်ဆန်း ဆိုသလို တဖိုင်နဲ့တဖိုင် နည်းတွေမတူကြပါဘူး။ တနည်းမရ တနည်း စမ်းလုပ်နေမယ့် အစား ဒီလို ပေါ့ပေါ့ပါးပါး Software လေးသုံးလိုက်တာ ပို ပြီး လွယ်ကူ အဆင်ပြေပါတယ်။
ဒီ Software ကို သူ့ Official Website ဟာ $29.95 နဲ့ရောင်းပါတယ်။ ဒါကို WindowsDeal က Promotion ပေးနေပါတယ်။ ဒီ Link မှာသွားယူလိုက်ပါ။ Promotion ကာလကို ၂၉.၀၉.၂၀၁၄ ည သန်းခေါင် အချိန်အထိ ပေးထားပါတယ်။ အဲ့ဒီ မတိုင်ခင် အတွင်း Download လုပ်ပြီး Install လုပ်ရမှာဖြစ်ပါတယ်။ Promotion ကာလကျော်သွားရင်တော့ ရ မရ အာမမခံပါ။
၁။ Download နှိပ်ပါ။
၂။ ပြီးသွားရင် Proceed to Checkout ကို နှိပ်ပါ။
၃။ Email နဲ့ Confirm Email Address ထည့်လိုက်ပါ။
ဒါဆိုပြီးပါပြီ။
Download file က pdfprot.zip ဖြစ်ပါတယ်။ File Size က 5.57 MB ပါ။
သူက Pre-activated Software ပေးပါလိမ့်မယ်။ Key ထည့်စရာမလိုပါ။
သူက Pre-activated Software ပေးပါလိမ့်မယ်။ Key ထည့်စရာမလိုပါ။
မှတ်ချက်။ ။ သတ်မှတ်ရက် အချိန် (၂၉.၀၉.၂၀၁၄ ည သန်းခေါင်) ကျော်လျှင် ပေးထားသော Registration License key ကို အသုံးပြုလို့ ရ မရ အာမ မခံပါ။ နောက်ပြီး Promotion License များဟာ Version Update အသစ်များကို Update လုပ်လို့မရပါဘူး။ Update လုပ်ရင် Free Version ပြောင်းသွားပါလိမ့်မယ်။
0 comments:
Post a Comment