Saturday, September 27, 2014

Wise Care 365 Pro free download [UPDATE: 27.09.2014]

Wise Care 365 Pro 3.22.280 Full Version Free Download [UPDATE:09-09-2014]


Wise Care 365 Pro ဟာ CCleaner လိုပဲ လူသိများတဲ့ system tuning software လေးပါ။ အဲ့ဒီ software လေးက သင့် Windows System ရဲ့ မလိုအပ်ပဲ စက်ရဲ့လုပ်ဆောင်ရည်ကို နှေးကွေးစေတဲ့အရာတွေကို ရှင်းလင်းပေးပြီး သင့်စက်ရဲ့လုပ်ဆောင်ရည်ကို အလိုအလျှောက် မြှင့်တင်ပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ Wise Registry Cleaner နဲ့  Wise Disk Cleaner တွေရဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက်က သင့်စက်ရဲ့ HardDisk Fragment တွေ၊ Registry Fragment တွေကို အကောင်းဆုံးဖယ်ရှားပေးပြီး စက်ရဲ့လုပ်ဆောင်ရည်ကို မြှင့်တင်ပေးပါလိမ့်မယ်။ 

Wise Care 365 Pro ရဲ့အဓိက လုပ်ဆောင်ချက်တွေကတော့
  • ၁။ စက်ရဲ့လုပ်ဆောင်ရည်ကိုနှောင့်နှေးစေတဲ့ ပြဿ      နာတွေကို ဖြေရှင်းပေးပါတယ်။
  • ၂။ Harddisk ထဲက Fragment တွေကို ဖယ်ရှားပေးပြီး နေရာလွတ်တွေ ပိုမိုရရှိစေပါတယ်။
  • ၃။ Personal Privacy tracking data တွေကို အလိုအလျှောက်ဖယ်ရှားပေးပါတယ်။
  • ၄။ file recovery လုပ်လို့ရပါတယ်။
  • ၅။ အရေးကြီးတဲ့ ဖိုင်တွေ ဖိုဒါတွေကို hide လုပ်လို့ရပါတယ်။
  • ၆။ တခြားသူတွေ မိမိစက်ကိုလားသုံးတဲ့အခါ မသုံးစေချင်တဲ့ application တွေကိုလဲ ဖွင့်လို့မရအောင် လုပ်ထားလို့ရပါတယ်။
  • ၇။ gamer တွေနဲ့ လုပ်ငန်းသုံး enterprise software တွေကို သုံးတဲ့အခါ လုပ်ဆောင်ရည်ကောင်းစေဖို့ memory booster လုပ်လို့ရပါတယ်။
  • ၈။ "One Click Tune-up" တချက်လေး နှိပ်လိုက်ရုံနဲ့ သင့် ကွန်ပျူ တာရဲ့လုပ်ဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

MacX DVD Ripper Pro Full Version License Free Download [Update: 27.09.2014]

MacX DVD Ripper Pro for Windows



MacX DVD Ripper Pro ဟာ ဘယ်လို DVD (Data, OS, Movie, Music) ခွေမျိုးကိုမဆို Backup ဒါမှမဟုတ် Convert လုပ်ဖို့အတွက် ဖန်တီးထားတဲ့ software တခုဖြစ်ပါတယ်။ DVD ခွေတွေကို ISO ဖိုင်အနေနဲ့ဖြစ်ဖြစ်၊ folder အနေနဲ့ပဲ ဖြစ်ဖြစ် စိတ်ကြိုက်ရွေးလို့ရတဲ့ အပြင်၊ media entertainment တွေကို rip လုပ်တဲ့အခါ ဒါမှမဟုတ် convert လုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ mobile, tablet နဲ့ ကိုက်ညီတဲ့ Video, Audio format ကို နဂိုအရည်အသွေး မလျော့ကျစေပဲ တခါတည်း ပြောင်းနိုင်ပါတယ်။ Convert or Rip မလုပ်ခင်မှာလဲ Trim, Cut, Copy, Merge contents, extract audio သာမက အရည်အသွေးကောင်းမွန်တဲ့ movie screenshot တွေကိုပါ တခါတည်း ဖမ်းနိုင်ပါတယ်။

အဲ့ဒီ software ကို သူ့ရဲ့ Official Website မှာ $34.95 နဲ့ရောင်းပါတယ်။ အောက်က ပုံက သူ့ official Website ထဲမှာ ပြထားတဲ့ပုံပါ။ အဲ့ဒီထဲက Get It Now button ကိုနှိပ်လိုက်ရင် OSX အတွက် download zip ဖိုင်လေးကိုရပါလိမ့်မယ်။ Windows အတွက် ဆိုရင်တော့ အောက်က Share to Get  ဆိုတဲ့ Link လေးကိုနှိပ်ဖို့လိုပါတယ်။ အဲ့ဒါဆိုရင်တော့ ကိုယ့် facebook timeline ပေါ်မှာ MacX DVD Ripper Pro for Windows ကို promotion ပေးနေတယ်ဆိုတာ ကြေငြာတဲ့ post လေးတခု တက်လာပါမယ်။ ပြီးရင်တော့ Activation code ရပါလိမ့်မယ်။

Epubor Ultimate Converter Full Version Registration Code

Ebook တွေရဲ့ အရေးပါမှုက ဒီနေ့ခေတ်မှာ ထိပ်ဆုံးနေရာမှာရောက်နေတဲ့ အရာတွေထဲက တခုဖြစ်ပါတယ်။ Epubor ဟာ Ebook တွေကို  ကိုယ့်ရဲ့ Ebook Reader တွေနဲ့ လိုက်လျှော ညီထွေ ဖြစ်တဲ့ File Format ကို Convert လုပ်ပေးနိုင်တဲ့ Software ဖြစ်ပါတယ်။ Office တခုမှာ မှာ ဒါမှမဟုတ် Student တယောက်အတွက် အရမ်းအသုံးဝင်မယ့် Software လေးတခုဖြစပါတယ်။  

Epubor ဟာ Ebook Converter တွေထဲမှာတော့ ထင်ရှားလူသုံးများတဲ့ Software တခုဖြစ်ပါတယ်။ သူရဲ့ လျှင်မြန်မှု နဲ့ Output Product အရည်အသွေး ကောင်းတာတွေကြောင့် တခြား Free Software တွေရှိတာတောင်မှ သူ့ကို လူအများက ရွေးချယ်တာဖြစ်ပါတယ်။ သူဟာ ePub, PDF, AZW, Kingdle စတဲ့ Format မှန်သမျှကို ပြောင်းပေးနိုင်တယ်။ ဒါအပြင် DRM (Digital Right Management) Protected လုပ်ထားတဲ့ PDF တွေကိုလဲ Convert လုပ်ပေးနိုင်ပါတယ်။ နောက်တချက်က Free Software တွေမှာလို PDF ရဲ့ Layout ပျက်မသွားတာဟာလဲ သူ့ရဲ့ အားသာချက်တခုဖြစ်ပါတယ်။

Epubor Ultimate ဟာ ဖိုင်အများကြီးကို တပြိုင်တည်း Convert လုပ်ပေးနိုင်တဲ့အတွက် အချိန်ကုန်သက်သာပြီး အလုပ်တွင်ကျယ်ပါတယ်။




 သူ့ရဲ့ အဓိက Feature တွေကတော့ 
  • DRM protection လုပ်ထားထား မထားထား Convert လုပ်ပေးနိုင်ပါတယ်။
  • Click တချက်တည်းနဲ့ စာအုပ်အများကြီးကို တပြိုင်တည်း Convert လုပ်ပေးနိုင်ပါတယ်။
  • နဂိုမူလ ပုံစံအတိုင်း Output ပြန်ရပါတယ်။
  • အထူးတလည် Requirement ထပ်မလိုပါဘူး။
  • Drag and Drop function ပါပါတယ်။ စာအုပ်တွေကို Open file လုပ်နေစရာမလိုပါဘူး။
  • စာအုပ်တအုပ်ရဲ့ အရေးပါတဲ့ Metadata (Title, Cover, Author, Publisher, etc) တွေကိုလဲ ဖြည့်နိုင် ထည့်နိုင်ပါတယ်။ နောက်ပြီး စာအုပ်ရဲ့ အဖုံးကိုလဲ အလိုအလျှောက် Download လုပ်ပြီး ထည့်ပေးပါတယ်။


Epubor Ultimate eBook Converter Free Registration Code

အဲ့ဒီ Software ကို သူ့ရဲ့ Official Website မှာ $59.99 နဲ့ရောင်းပါတယ်။ အဲ့ဒါကို Topspftbargains က အခမဲ့ Promotion ပေးနေပါတယ်။ 
ဒီ Linkကိုသွားလိုက်ပါ။ Topsoftbargains ဟာ WOT certified မဖြစ်ပါဘူး။ အဲ့ဒါကြောင့် ကိုယ့် Email မသုံးပါနဲ့။  giveaway@topsoftbargains.com Email ကို သုံးပါ။ တကယ်လို့ Keys တိုက်ရိုက်လိုချင်တယ်ဆိုရင်တော့ ကျနော့ Dropbox ကနေ key.txt ဖိုင်လေးကို Download ယူလိုက်ပါ။ Dropbox Link
ယူလိုက်ပါ။ Software ကိုတော့ Official Page ကနေ Download ဆွဲလိုက်ပါ။ ဒါမှမဟုတ် ဒီ Link မှာယူပါ (အတူတူပါပဲ)

ဒီ Software Promotion ဟာ ၂၈.၀၉..၂၀၁၄ ည သန်းခေါင် ချိန် အထိသာပေးထားပါတယ်။ ဒါပေမယ့် သူက Install လုပ်တာကိုတော့ ၃ ရက်ခွင့်ပြုထားပါတယ်။ အဲ့ဒီတော့ ဒီ key နဲ့ ၃၀.၀၉.၂၀၁၄ အထိတော့ Registration လုပ်လို့ရနိုင်ပါတယ်။ 
မှတ်ချက်။     ။ သတ်မှတ်ရက် အချိန် (၂၈.၀၉.၂၀၁၄ ည သန်းခေါင်) ကျော်လျှင် ပေးထားသော Registration License key ကို အသုံးပြုလို့ ရ မရ အာမ မခံပါ။ နောက်ပြီး Promotion License များဟာ Version Update အသစ်များကို Update လုပ်လို့မရပါဘူး။ Update လုပ်ရင် Free Version ပြောင်းသွားပါလိမ့်မယ်။ 

Pdf Protection Remover 7.0 Full Version Free Download

တကယ်လို့များ သင့်အတွက် အရမ်းအသုံးဝင်တဲ့ PDF ဖိုင် တဖိုင်ဟာ ဖတ်လို့ပဲရပြီး Copy လုပ်လို့မရဘူး၊ Print လုပ်လို့မရဘူး။ နောက်ဆုံး Adobe Acrobat နဲ့ Editing လုပ်တာလဲ လုပ်လို့မရဘူး စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ် ဒါမှမဟုတ် ကြုံတွေ့ ဖူးတယ်ဆိုရင်တော့ PDF Protection Remover Software လေးကို ဆောင်ထားလိုက်ပါ။

PDF Protection Software လေးဟာ
PDF Protection Software လေးဟာ PDF သုံးတဲ့သူတွေတွက် လက်တွေ့အသုံးကျတဲ့ Software လေးပါ။ သူက encrypted (Supports 40-bit RC4, 128-bit RC4, 128-bit AES and 256-bit AES Encryption) လုပ်ထားတဲ့ PDF ဖိုင်တွေကို ပြန်ပြီး decrypted လုပ်ရာမှာ သုံးပါတယ်။ 
တကယ်တော့ Decrypted လုပ်တဲ့အခါ Software မအသုံးပဲ Manual လုပ်လို့ရတဲ့ နည်းတွေရှိပေမယ့် အဆင့်တွေများသလို ဖြည်ရတဲ့ နည်းတွေကလဲ တကျောင်းတဂါထာ တရွက် တပုဒ်ဆန်း ဆိုသလို တဖိုင်နဲ့တဖိုင် နည်းတွေမတူကြပါဘူး။ တနည်းမရ တနည်း စမ်းလုပ်နေမယ့် အစား ဒီလို ပေါ့ပေါ့ပါးပါး Software လေးသုံးလိုက်တာ ပို ပြီး လွယ်ကူ အဆင်ပြေပါတယ်။



ဒီ Software ကို သူ့ Official Website ဟာ $29.95 နဲ့ရောင်းပါတယ်။ ဒါကို WindowsDeal က Promotion ပေးနေပါတယ်။ ဒီ Link မှာသွားယူလိုက်ပါ။ Promotion ကာလကို ၂၉.၀၉.၂၀၁၄ ည သန်းခေါင် အချိန်အထိ ပေးထားပါတယ်။ အဲ့ဒီ မတိုင်ခင် အတွင်း Download လုပ်ပြီး Install လုပ်ရမှာဖြစ်ပါတယ်။ Promotion ကာလကျော်သွားရင်တော့ ရ မရ အာမမခံပါ။
၁။ Download နှိပ်ပါ။
၂။  ပြီးသွားရင် Proceed to Checkout ကို နှိပ်ပါ။
၃။ Email နဲ့ Confirm Email Address ထည့်လိုက်ပါ။
ဒါဆိုပြီးပါပြီ။ 
Download file က pdfprot.zip ဖြစ်ပါတယ်။ File Size က 5.57 MB ပါ။
သူက Pre-activated Software ပေးပါလိမ့်မယ်။ Key ထည့်စရာမလိုပါ။ 

မှတ်ချက်။     ။ သတ်မှတ်ရက် အချိန် (၂၉.၀၉.၂၀၁၄ ည သန်းခေါင်) ကျော်လျှင် ပေးထားသော Registration License key ကို အသုံးပြုလို့ ရ မရ အာမ မခံပါ။ နောက်ပြီး Promotion License များဟာ Version Update အသစ်များကို Update လုပ်လို့မရပါဘူး။ Update လုပ်ရင် Free Version ပြောင်းသွားပါလိမ့်မယ်။ 

Friday, September 19, 2014

Apowersoft Video Converter Studio Full Version License Code


Apowersoft Video Converter Studio ကလဲ ရိုးရှင်းတဲ့ Video Converter Software လေးပါပဲ။ သူကလဲ Video Format အတော်များများကို ပြောင်းပေးနိုင်သလို HD Video တွေကိုလဲ Convert လုပ်ပေးနိုင်တယ်လို့ပြောထားပါတယ်။ သူကလဲ Multimedia Devices အတော်များများ နဲ့ အဆင်ပြေပါတယ်။  AVI, MKV, AMV, MP4, WMV, 3GP, FLV, SWF, HTML5, and DVD, Apple, Android, and Sony formats အားလုံးအတွက်လဲ သုံးလို့ရပါတယ်။ HD1080P, HD720P  qualityတွေကိုလဲ Convert လုပ်နိုင်ပါတယ်။ DVD နဲ့ HDTV တွေအတွက်လဲ အသုံးဝင်ပါတယ်။ MP2, MP3, AC3, WMA, WMV, OGG, FLAC, AAC, and RealMedia စတဲ့ Audio Format အမျိုးမျိုးကိုလဲ Separate လုပ်ပေးနိုင်ပါတယ်။ 

Edition လုပ်ဖို့အတွက်လဲ cut, merge, crop စတာတွေ black bar တွေဖယ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ Screen size နဲ့ ကိုက်ညီနဲ့ အချိုးအစားကိုလဲ ပြောင်းပေးနိုင်ပါတယ်။ နောက် ပုံတွေ ရေစာတွေကိုလဲ ကိုယ့်စိတ်ကြိုက်ထည့်ပြီး ကိုယ်ပိုင် Video တခု ဖန်တီးနိုင်ပါတယ်။ တကယ်လို့များ မူရင်း DVD မှာ audio language အမျိုးမျိုး၊ စာတန်းထိုး အမျိုးမျိုး ပါခဲ့ရင်လဲ သင့်စိတ်ကြိုက်ရာတခုကို ရွေးချယ် ထည့်သွင်းနိုင်အပြင် ကိုယ့်စိတ်ကြိုက် ရှာဖွေ ဖန်တီးထားတဲ့ အသံဖိုင်တွေ စာတန်းထိုး ဖိုင်တွေကိုလဲ ထည့်ပေးနိုင်ပါတယ်။ 


သူ့ရဲ့ အဓိက Feature တွေကတော့
  • ဘယ် Video Format ကနေ မဆို Video ဒါမှမဟုတ် Audio format ကိုမဆို အလွယ်တကူ ပြောင်းပေးနိုင်ပါတယ်။
  • အသံ ဖိုင်တွေကိုလဲ Format ပြောင်းပေးနိုင်ပါတယ်။
  • Video တွေကိုလဲ edit လုပ်လို့ရပါတယ်။ (Cut, Merge, Crop)
  • External Subtitle တွေထည့်လို့ရသလို built-in subtitle ကိုလဲ edit လုပ်လို့ရပါတယ်။ 
ဒီ Software ကို $39.95 နဲ့ ရောင်းပါတယ်။ ဒါပေမယ့် ဒီ Software ကိုပဲ သူ့ရဲ့ Official Company က Promotion ပေးတဲ့အနေနဲ့ License Version တွေကို ၂၄ နာရီ အခမဲ့ ပေးနေပါတယ်။ ဒီ Software ကိုတော့ 19 09 2014 နေ့လည် ၁ နာရီ ခွဲ မတိုင် အောက်ပါနည်းအတိုင်း အခမဲ့ ရယူနိုင်ပါတယ်။

ဒီ စာမျက်နှာ Link ကိုသွားပါ။ Social Media တခုခုကို Share ဖို့ပြောပါလိမ့်မယ်။ နှိပ်လိုက်ပါ (တကယ် Share လုပ်ဖို့မလိုပါ) စက္ကန့်အနည်းငယ် စောင့်လိုက်ရုံနဲ့ Registration Form ပေါ်လာပါလိမ့်မယ်။ အောက်ပုံများကိုကြည့်ပါ။ နာမည် နဲ့ အီးမေးလ် ထည့်ပြီး "Get It Now" ကို နှိပ်လိုက်ပါ။ သင့်ရဲ့ Email ထဲကို License Key နဲ့ Download link ပို့ပေးလာပါလိမ့်မယ်။ တကယ်လို့များ Apowersoft ရဲ့ Email ကို Inbox ထဲမှာရှာမတွေ့ခဲ့ရင်တော့ Spam box ထဲမှာ ရှာကြည့်လိုက်ပါ။ 



မှတ်ချက်။    ။ သတ်မှတ်ရက် အချိန် (၁၉.၀၉.၂၀၁၄ - နေ့လည် ၁ နာရီ ခွဲ ၁း၃၀) ကျော်လျှင် license key ရ မရ အာမ မခံပါ။ key ရလျှင်လဲ activate လုပ်ရ မရ အာမ မခံပါ။

WonderFox HD Video Converter Factory Pro Full Version License


ဒီ HD Video Converter Factory Pro software ကတော့ WonderFox Soft က ထုတ်လုပ်တာဖြစ်ပြီး Professional လုပ်ငန်းသုံး အတွက် All-in-One High Definition Video Converter Software ဖြစ်ပါတယ်။ ဒီ Software ကတော့ HD version Video တွေသာမက SD (Standard Definition) Video များကိုပါ ပင်ကိုမူလ အရည်အသွေး မလျှော့ကျစေပဲ လူသုံးများတဲ့ Video Format  အားလုံးကို ပြောင်းလဲပေးနိုင်ရံသာမက သင့် multimedia devices များနဲ့ အဆင်ပြေမယ့် Video Format, Video Quality တွေကိုလဲ ရွေးချယ်နိုင်ပါတယ်။ DVD movies တွေကို သင့် IPhone, IPad, IPod, Apple TV, PSP, Xbox, Zune နဲ့ Android Devices တွေနဲ့ ကြည့်ဖို့အတွက် သင့်တော်ပါတယ်။ နောက်ပြီး ဒီ Software ဟာ Video Converting သာမက Video Edition Function တွေလဲ အတော်စုံစုံလင်လင် ပါဝင်တဲ့အပြင် Sense တခုချင်းစီမှာလဲ Video Effect တွေထည့်နိုင်ပါသေးတယ်။ 

ဒီ Video Converter Pro Software ဟာ သင့် Media device တွေဖွင်လို့ရတဲ့ Format ကို သင်မသိလဲ သင့် Device အမျိုးအစားကို ရွေးလိုက်ရုံနဲ့ အဆင်ပြေမယ့် Formatကို အလိုအလျှောက်ရွေးပေးပါတယ်။ သူ့ရဲ့ UI (User Interface) ဟာလဲ အရမ်းကို ရိုးရှင်းလွယ်ကူတဲ့အတွက် သုံးစွဲသူတွေအတွက် အထူးလေ့လာ သိနားလည်စရာမလိုပဲ သုံးစွဲနိုင်တဲ့ Software မျိုးဖြစ်ပါတယ်။ 

နောက်ဆုံးအနေနဲ့ ဒီ Software ကိုသုံးပြီး video ဖိုင် တခုကနေ အသံ သီးသန့် MP3 format ခွဲထုတ်နိုင်သလို Video ထဲက sense တွေကိုလဲ JPG format နဲ့ Capture လုပ်နိုင်ပါတယ်။ 

HD Video Converter Factory Pro ရဲ့ Feature တွေကတော့ 
  • HD Video တွေကို Video အနေနဲ့ ပဲဖြစ်ဖြစ် Audio ချည်းပဲဖြစ်ဖြစ် Online Streaming လုပ်ဖို့ နဲ့ Mobile Device တွေအတွက် Converter လုပ်ဖို့ အရမ်းကို အဆင်ပြေပါတယ်။
  • Vidoe အများကြီးကို တပြိုင်တည်း Convert လုပ်နိုင်ပါတယ်။
  • လက်တွေ့အသုံးကျတဲ့ Video Editing Function တွေနဲ့ Special Effect တွေပါဝင်ပါတယ်။
  • VBR (Variable Bit Rate) စနစ်ကြောင့် အရည်အသွေးမကျပဲ File Size ကို သေးငယ်စေပါတယ်.။


WonderFox HD Video Converter Factory Pro Registration Code
ဒီ Software ကို $29.95 နဲ့ ရောင်းချပြီး Bitsdujour website ကနေ Promotion အနေနဲ့ ၂၄ နာရီ အတွင်း မည်သူမဆို Full Version Software ကို အခမဲ့ ရယူနိုင်ပါတယ်။ အခမဲ့ ရယူရန် ဒီ Link ကိုသွားပြီး မိမိ Email နဲ့ နာမည်လေး ထည့်ပေးလိုက်ပါ။ သင့် Email ကို License keys နဲ့ Software Download Link ပို့ပေးလာပါလိမ့်မယ်။  တကယ်လို့များ Bitsdujour ရဲ့ Email ကို Inbox ထဲမှာရှာမတွေ့ခဲ့ရင်တော့ Spam box ထဲမှာ ရှာကြည့်လိုက်ပါ။ 

မှတ်ချက်။    ။ သတ်မှတ်ရက် အချိန် (၁၉.၀၉.၂၀၁၄ - နေ့လည် ၁ နာရီ ခွဲ ၁း၃၀) ကျော်လျှင် license key ရ မရ အာမ မခံပါ။ key ရလျှင်လဲ activate လုပ်ရ မရ အာမ မခံပါ။

Monday, September 15, 2014

BitDefender Mobile Security & Antivirus For Android Free Download 6 Months License Key [Update:16.09.2014]

Bitdefender ဟာ ကမ္ဘာအကောင်းဆုံး Antivirus software တွေထဲကမှ ထိပ်ဆုံးနားမှာ အမြဲရှိနေတဲ့ Antivirus software ပါ။ သူ့ရဲ့ Desktop/laptop products တွေဟာ သုံးဖူးတဲ့သူတိုင်း Security ပိုင်းမှာသာမက Performance နဲ့ Usability တွေမှာပါ ယုံကြည်စိတ်ချ စိတ်ကျေနပ်မှုရစေပါတယ်။ အခု Android Mobile အတွက်ထုတ်ထားတဲ့ Bitdefender ရဲ့ Android Application ကလဲ အကောင်းဆုံး၊ ယုံကြည်စိတ်ချရမှုအရှိဆုံး ဆိုတာတွေထဲက တခုပါပဲ။
သူ့ရဲ့အဓိက Feature တွေကတော့
၁။ Melware Scanner: စွမ်းဆောင်ရည်ပြည့်ဝတဲ့ အမြဲ Update ဖြစ်နေတဲ့ Cloud-Based melware scanner. 

၂။ Privacy Advisor: ကိုယ့်ဖုန်းထဲက Application တခုစီရဲ့ Privacy Risk တွေကို သတိပေးပြီး App install လုပ်တဲ့အခါ  နောက်ကွယ်ကနေ အလိုအလျှောက် စစ်ဆေးပေးပါတယ်။ 

၃။ Web Security: Browser App, Chrome App စတဲ့ Default App တွေနဲ့ Internet သုံးတဲ့အခါ အကောင်းဆုံးကာကွယ်မှုပေးပါတယ်။

၎။ Anti-Theft: အကောင်းဆုံး Web based, SMS based features တွေပါဝင်တယ်။ ပုံမှန် ပါလေ့ပါထရှိတဲ့ Locate, Lock, Scream, Wipe တွေသာမကပဲ ကိုယ့်ဖုန်းကို ကိုယ့်ဆီကို Speaker ဖွင့်ပြီး ပြန်ခေါ်စေတဲ့ Call me feature, ကိုယ်ခေါ်တာကို ဘယ်သူမှကိုင်စရာမလိုပဲ Speaker ဖွင့်ပြီး အလိုအလျှောက် လက်ခံစေတဲ့ Answer Feature တွေအပြင် Sim Change နဲ့ Trust Number ကလဲ ကိုယ့်ဖုန်းကို တစုံတယောက်က Sim Card အသစ် လဲလိုက်တာနဲ့ ကိုယ် သတ်မှတ်ထားတဲ့ ဖုန်းကို Message ပို့ပြီး အကြောင်းကြားပေးပါတယ်။ 

၅။ App-lock: တခြားသူတွေ မဖွင့်စေချင်တဲ့ App တွေကို လဲ Lock လုပ်ထားလို့ရပါတယ်။ 

၆။ Event Viewer: ကိုယ့်စက်ကို အမြဲ Monitor လုပ်ထားပြီး လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ထားပေးပါတယ်။ 

၇။ သင်သာ Android Smart Watch တခုခုကို ဝတ်ဆင်ထားပြီး သင့်ဖုန်းကို မေ့ခဲ့၊ ကျန်ခဲ့ပြီး ထွက်သွားမယ်ဆိုရင် Bitdefender Mobile Security Software လေးက သင့်ကို ဖုန်းကျန်ခဲ့ကြောင်း သတိပေးပါလိမ့်မယ်။  အလန်းပဲ။



၈။ နောက်ဆုံးအချက်ကတော့ Ideal Stage မှာ Battery Consumption ဟာ မပြောပလောက်အောင် နည်းပါတယ်။ သင့်ဖုန်းရဲ့ လုံခြုံရေးအတွေက် လုံလောက် ပြီးပြည့်စုံတဲ့ Mobile Security Suite လေးပါပဲ။ 

အရမ်းကောင်းတဲ့ ဒီ Android software လေးကို ကို 6 လ အခမဲ့ ရယူ သုံးစွဲခွင့် ခွင့်ပြုနေပါတယ်။ ဒါကလဲ Promotion သတ်မှတ်ထားတဲ့ အချိန်အတွင်းသာ ဖြစ်ပါတယ်။  

Saturday, September 13, 2014

Facebook ထဲက အလိမ်အညာတွေ ကို ဘယ်လိုသိနိုင်မလဲ။

ဒီနေ့ခေတ်မှာ အင်တာနက်သုံးတဲ့လူတိုင်း Facebook မသုံးတဲ့သူ မရှိသလောက်ပါပဲ။ ဒါပေမယ့် အင်တာနက်ထဲကနေ Social Network ပေါ်ကနေ Identity Thief တွေရဲ့ အန္တရာယ်ကို မမြင်ကြ မတွေ့ကြ မကြုံ ကြသေးတော့ ကြောက်ရကောင်းမှန်း မသိကြဘူး။ အထူးသဖြင့် ခေတ်ပညာတတ် ဆရာဝန်၊ အင်ဂျင်နီယာ တွေသာမက ကွန်ပျူတာ ဘွဲ့ရတွေ ကိုယ်တိုင်တောင် သေသေချာချာ မသိကြတော့ အလိမ်အညာတွေရဲ့ သားကောင်တွေ ဖြစ်သွားရတာ အများကြီး မြင်တွေ့နေရပါတယ်။ တချို့တွေကလဲ "ငါတို့အချက်အလက်တွေ ခိုးလို့ ဘာရမှာလဲ ဘာမှ ရမှာမဟုတ်ဘူး" လို့ပြောကြတယ်။ ဒါပေမယ့် သူတို့တွေဟာ ကိုယ်တိုင် အလိမ်ခံရရုံ မက လူလိမ်တွေရဲ့ အသုံးချမှုကိုခံရပြီး သူတို့ရဲ့ သူငယ်ချင်းတွေကိုပါ အလိမ်ခံရအောင် သူခိုးဓါးရိုးကမ်းနေမှန်း မသိကြတာ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။

တကယ်တမ်းပြောရရင် IT နည်းပညာလောကမှာ Facebook သုံးသည်ဖြစ်စေ မသုံးသည် ဖြစ်စေ၊ အင်တာနက်နဲ့ချိတ်ဆက်နေသမျှ၊100% ရာနှုန်းပြည် လုံခြုံတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ဒါပေမယ့် ကိုယ်က လွယ်လွယ်ကူကူ လူလိမ်လူညာတွေရဲ့ သားကောင်၊ တခြားသူတွေ အလိမ်ခံရခြင်းရဲ့ ဓါးစာခံ မဖြစ်ရအောင်လို့ ထောင်ပေါင်းများစွာသော Facebook ပေါ်က အလိမ်အညာတွေထဲကမှ သိထားသင့်တဲ့ အလွယ်တကူသိနိုင်တဲ့ Facebook ထဲက လိမ်နည်းတချို့ကိုဖော်ပြလိုက်ပါတယ်။ 

၁။ သင့်ရဲ့ Profile ကို ဘယ်သူတွေ လာကြည့်သလဲ ဆိုတာ သိနိုင်တယ် ဆိုတဲ့ App တွေဟာ အလိမ်အညာတွေပါ။ 
တကယ်တော့ ဒီ App ဟာ သင့် Profile ကို အမှန်တကယ် ဝင်လာကြည့်တဲ့ လူတွေရဲ့ စာရင်းကိုပြတာမဟုတ်ပဲ သင့်လိုပဲ ဒီ App ကို သုံးပါမယ်ဆိုပြီး Profile ထဲက Friends List တွေ ရယူပြီး၊ ယောက်ကျား မိန်းမ အရေအတွက် စိတ်ဝင်စားတဲ့ အကြောင်းအရာ စတာတွေကို အခြေခံပြီး အဲ့ဒီထဲကမှ Statistics ဆိုတဲ့ နည်းကိုသုံးပြီး လူစာရင်းကို ပြန်တင်တာပါ။ အဲ့လို App တွေက User တွေရဲ့ Profile တွေကတဆင့် Celebrities တွေရဲ့ Personal Info တွေခိုးယူပြီး ငွေညှစ် ခြိမ်းခြောက်တာ မျိုးတွေ လုပ်တတ်ကြပါတယ်။ အောက်က ပုံတွေ့ ထင်ရှားတဲ့ Facebook Scams Apps တွေပါ။ 

၂။ သင့် Facebook ရဲ့ အရောင် နဲ့ Themes တွေကိုပြောင်းလို့ရတယ် ဆိုတဲ့ App တွေဟာလဲ အလိမ်အညာတွေပါ။
Facebook ဟာ သူရဲ့ ပင်ကိုမူလ အပြာရောင်ကနေ ဘယ်တုန်းကမှ တခြားအရောင်ကို ပြောင်းခွင့်မပြုခဲ့သလို ပြောင်းလို့လဲ မရပါဘူး။ အဲ့ဒီ Apps တွေဟာ ပထမ သင့်ရဲ့ Profile ကို ဝင်ခွင့်တောင်းမယ်။ သင့် Wall ပေါ်မှာ သူတို့ရဲ့ အလိမ်အညာတွေကို ထပ်ဖြန့်မယ်။ ပြီးရင် သင်တို့ကို နောက်ထပ် Add-ons တခု ထပ် Download ဆွဲခိုင်းပြီး သင့်ရဲ့ Browser မှာ Install လုပ်ခိုင်းပါလိမ့်မယ်။ အဲ့ဒါနောက် သင့်တို့ Facebook ကို ပြန်သွားကြည့်လိုက်ရင် Facebook အရောင်ပြောင်းနေတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် တခြား Computer ဒါမှမဟုတ် တခြား Browser ကနေ ပြောငိးဝငိကြည့်လိုက်ပါ။ သင့် Facebook ဟာ အပြာရောင်ပဲဖြစ်နေမှာပါ။ တခြားသူတွေကလဲ အပြာရောင်ပဲ မြင်ရမှာပါ။  ဒီ Add-on သုံးထားတဲ့ Browser သုံးပြီး Facebook ကိုဖွင့်မှ မြင်ရပါလိမ့်မယ်။ အဲ့ဒီ Add-on က သင့် Facebook ကို အရောင် ပြောင်းရုံပဲ ဆိုရင်တော်ပါသေးတယ် ဆိုရပါလိမ့်မယ်။ အဲ့ဒီ Browser ကိုသုံးပြီး သင်လုပ်သမျှကို မှတ်တမ်းယူပြီး သင့်ရဲ့ အချက်အလက် တွေကို ခိုးယူနိုင်ပါသေးတယ်။ 
တကယ်တော့ Facebook အရောင် ပြောင်းတယ်ဆိုတာ ဥပမာ အနေနဲ့ပြောရရင် မြင်းနက်ကြီးကို အဖြူကြားတွေ အနောက်မှာ ရပ်ခိုင်းပြီး jမြင်းကြားကြီးပါလို့ လိမ်တဲ့ ပုံစံပါပဲ။ 


၃။ Facebook မှာ disklike ဒါမှမဟုတ် love Buttons တွေ ထပ်ထည့်လို့ရတယ် ဆိုတဲ့ App တွေဟာလဲ အလိမ်အညာတွေပါ။
Facebook မှာ ဘာ button မှ ကိုယ့်ဖာသာကိုယ် ထပ်ထည့်လို့မရပါဘူး။ Facebook မှာမှ မဟုတ်ပါဘူး ဘယ် Website မှာမှ Website ပိုင်ရှင် ရဲ့ ခွင့်ပြုချက်မရှိပဲ ဘာမှ ပြင်လို့မရပါဘူး။ Website ဆိုတာ Computer ထဲမှာ ရှိတာမဟုတ်ပါဘူး။ အင်တာနက် Server ပေါ်မှာသာ ရှိတာပါ။ သင်တို့ စက်ထဲမှာ မြင်ရတဲ့ Website ဟာ ပုံနှိပ်ပြီးသား စာရွက်တရွက်လိုပါပဲ။ ပေးထားတဲ့ ရှိပြီးသား လုပ်ပိုင်ခွင့်ထက် ပိုလုပ်လို့မရပါဘူး။ တကယ်လို့ အဲ့ဒီလို App တွေကို Click နှိပ်မိရင် သင့်ရဲ့ Facebook Account ဟာ သင် သဘောဆန္ဒ မပါပဲ၊ သင်မသိလိုက်ရပဲ  Post ပေါင်းများစွာကို  သင့် ရဲ့ Wall ပေါ်မှာသာမက Friends တွေရဲ့ Walls တွေပေါ်မှာပါ တင်နေပါလိမ့်မယ်။ သင်ကတော့ အဲ့ဒီ Post တွေကို မမြင်ရသလို သင်သူငယ်ချင်းတွေ့လဲ သင် ပေါက်ကရတွေ တင်နေတယ်လို့ ထင်နေပါလိမ့်မယ်။ 

၎။ အလှူရှင်းတယောက်က Like တခါလုပ်ရင် ၁ ဒေါ်လာ၊ Share လုပ်ရင် ၃ ဒေါ်လာ လှူပါ့မယ်ပြောလို့ Like and Share လုပ်ပေးကြပါဆိုတဲ့ Like and Share Plan ဓါတ်ပုံများ ဟာလဲ လိမ်နည်းတွေပါပဲ။
Facebook ပေါ်ကနေ တဆင့် ကျနော်တို့နိုင်ငံမှာ လူအတော်များများကို ကူညီပေးဖူးခဲ့တာ တွေ့ကြမြင်ကြမှာပါ။ ဥပမာ အရပ်ရှည်လွန်ရောဂါရှင်တွေ၊ နှာခေါင်းထဲမှာ အကျိတ်ကြီးရှိနေသူတွေ၊ ဦးနှောက်မှာ အရေအိတ် ဖိမိနေတဲ့ ကလေးငယ်တွေ စသည် စသည်ဖြင့် အများကြီးရှိပါတယ်။ ကူညီနိုင်သူတွေ ကူညီနိုင်အောင် Share လုပ်ပေးကြတာပါပဲ။ ဒါပေမယ့် တချီု့တွေကတော့ Like 1000 ရမှ ရည်းစားက အဖြေပေးမှာ၊ အလှူရှင်က Like and Share ပမာဏနဲ့ လှူမှာတို့ ဆိုတာတွေက တကယ့် သူတို့ Page လေး Like လိုချင်တာနဲ့ တကယ့် ပရဟိတ ကူညီချင်သူတွေရဲ့ စိတ်ကောင်းနှလုံးကောင်းကို အသုံးချသွားတာပါ။ တကယ် ဟုတ်မဟုတ်သိချင်ရင် သူတို့ထဲက စာကိုကူးပြီး Google ထဲမှာ ရှာကြည့်လိုက်ပါ။ အစစ်လား အလိမ်လား ချက်ချင်း အဖြေပေါ်ပါလိမ့်မယ်။ 

၅။ လူတော်တော်များများကတော့ ဒီ Video Clip လေးကို ၁၀ စက္ကန့်ထက် ပိုမကြည့်ရဲ့ကြဘူး။ ဆိုတဲ့ ကြော်ငြာနဲ့ ကြည့်ဖို့ပြောတာဟာလဲ လိမ်တာပါပဲ
ပထမတော့ လူစိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေ၊ ကြောက်စရာ၊ ရွံစရာ ပုံတွေနဲ့ လူတွေရဲ့အာရုံကို စွဲဆောင် ပါတယ်။ နောက် လူတွေကို မကြည့်ချင် ကြည်ချင် စေမယ့် စကားတွေနဲ့ စိတ်ကို ဆွ ပါတယ်။ အဲ့ဒါကို မှ ကိုယ်က စိတ်မထိန်းနိုင်လို့ နှိပ်လိုက်မိရင်တော့ နောက်တဆင့် အနေနဲ့ ကိုယ့်စက်ထဲကို တစုံတခု Install လုပ်ဖို့ တောင်းဆိုလာပါလိမ့်မယ်။ ကိုယ်မသိတဲ့လူတယောက် ကပေးတဲ့အစားအစာကို မစားသင့်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲ့ဒီ သဘောတရားအတိုင်းပဲ ကိုယ်မသိတဲ့ စိတ်ချယုံကြည်ရမှု မရှိတဲ့ အရင်းအမြစ် (ဥပမာ။ ။ ကိုယ် Download လုပ်ရမယ့် Website ဟာ Official Website မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် ယုံကြည်စိတ်ချရမှုမရှိတဲ့ Third Party Website တခု မဟုတ်ဘူးဆိုရင် အလိမ်အညာဖြစ်ဖို့များပါတယ်) ကနေ ရတဲ့ ဘာမှန်းသေသေချာများ မသိတဲ့ Software ကို Install မလုပ်သင့်ပါဘူး။ 


၆။ နာမည်ကြီး Celebrities တွေရဲ့ အညှီအဟောက်တွေအကြောင်း ဗွီဒီယို Link တွေ အများစုကလဲ အလိမ်တွေပါပဲ။
Paris Hilton တို့ Kim Kardashian တို့ စတဲ့ နာမည်ကြီးတွေရဲ့ အညှီအဟောက် ဗွီဒီယိုတွေ တကယ်ပဲ ပြန့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဗွီဒီယို ဟာ တကယ် ဟုတ်မဟုတ်သိချင်ရင်တော့ သူ့ရဲ့ Post Title ကို ကူးကြီး Google မှာ ရှာကြည့်လိုက်ပါ။ အလိမ်အညာ အများစုက Video Player Plugin Install လုပ်ခိုင်းပါတယ်။ တချို့ဆိုရင် Adobe Flash Player Version နိမ့်နေလို့ ဆိုပြီး Install လုပ်ခိုင်းပါတယ်။ တကယ်သာ Adobe Flash Player ကို Install လုပ်ဖို့လိုရင် Adobe Official Website မှာ သွား Download ဆွဲပြီး ကိုယ့်ဖာသာကိုယ် Install လုပ်သင့်ပါတယ်။ အပေါ်မှာပြောခဲ့သလို ကိုယ်မသိတဲ့ လူတွေ ပေးတဲ့ Software ကို ကိုယ့် ကွန်ပျူတာ ပေါ်မှာ Install မလုပ်ပါနဲ့။ 

၇။ သင် Like and Share လုပ်ခြင်းဖြင့် ဆု ရယူပါဆိုတာတွေကလဲ သင့်ကို အသုံးချပြီး ကြော်ငြာဝင်တဲ့ လိမ်နည်းပါပဲ။ 
အထူးသဖြင့် ကုမ္ပဏီကြီးတွေ ထင်ရှားတဲ့ အမှတ်တံဆိပ်တွေ ကို အသုံးချပြီး လုပ်လေ့ရှိပါတယ်။ အများစုကတော့ တခါမှ မရကြပါဘူး။ တကယ့် ကုမ္ပဏီကြီးတွေကလဲ Hardware တွေ ဆုကြေးတွေကို အဲ့လိုမျိုး Social Network တွေကနေ လုပ်လေ့လုပ်ထ မရှိပါဘူး။ Official Page ကနေပဲ Promotion လုပ်တာများပါတယ်။ Software Promotion တချို့ကို တချို့နိုင်ငံတွေက Social Network ကနေတဆင့် ပေးတတ်ပါတယ်။ 



































Friday, September 12, 2014

AVG Internet Security 2015 1 year License Key

AVG Internet Security 2014 သုံးတာမှ မကြာသေးဘူး 2015 Version ထွက်လာပါပြီ။ AVG က မြန်မာနိုင်ငံမှာ လူသိများထင်ရှားတဲ့ Software အမှတ်တံဆိပ်ဖြစ်သလို ကမ္ဘာ့ အကောင်းဆုံး မဟုတ်တောင် ထိပ်တန်း စာရင်းဝင် Security Software and Solution အမှတ်တံဆိပ်အဖြစ် ထင်ရှားပါတယ်။ အခု AVG Internet Security 2015 မှာပါတဲ့ Feature လေးတွေကတော့

NEW IN THE AVG Internet Security 2015:

  • Paid Version User တွေအတွက် Virus Database Update ကို ၂ နာရီခြားတခါ လုပ်ပေးထားပါတယ်။
  • AVG ရဲ့ 2015 User Interface အသစ်ဟာ 2014 Windows Style Interface ထက် ပိုရှင်းလင်းလွယ်ကူလာပါတယ်။
  • Version Upgrade လုပ်တဲ့အခါ User Setting ကို ထိန်းသိမ်းပေးထားတဲ့ စနစ်ကို အဆင့်မြှင့်ထားပါတယ်။
  • Firewall စနစ်ကိုလဲ အဆင့်မြှင့်ထားပါတယ်။
  • 2014 Version တုန်းက ရှိခဲ့တဲ့ Issues လေးတွေကိုလဲ ပြုပြင်ထားပါတယ်။

AVG Internet Security 2015 Features

  • AntiVirus: (Viruses, Worms နဲ့ Trojans တွေကို ဖယ်ရှား၊ ရှင်းသတ် ပြီး ကူးစက် ပျံ့နှံ့တာတွေကနေ ကာကွယ်ပေးပါတယ်။)
  • AntiMalware (AVG Resident Shield) မြောက်မြားစွာသော Malware တွေရဲ့အန္တရာယ်ကနေ သင့် ကွန်ပျူတာကို ကာကွယ်ပေးပါတယ်။
  • AVG Anti-Rootkit မမြင်နိုင်တဲ့ နောက်ကွယ်ကနေ ကွန်ပျူတာစနစ်ကို ပြုပြင်နှောက်ယှက်နေတဲ့ အန္တရာယ်ရှိတဲ့ Software တွေကို ရှာဖွေ ဖော်ထုတ်ရှင်းလင်းပေးပါတယ်။
  • AVG Email Scanner သင့်ရုံးသုံး Email တွေးကို Outlook နဲ့သုံးတဲ့သူဆိုရင် သင့် Outlook အတွက် သင့်တော်တဲ့ အကာကွယ်တခုဖြစ်ပါတယ်။ သင့် Mailbox လေးကို Ads တွေ၊ phishing တွေ အန္တရာယ်က ကာကွယ်ပေါးပတယ်။
  • AVG Protective Cloud Technology: လက်တလောဖြစ်ပေါ်နေတဲ့ Cyber threat တွေကို ကာကွယ်နိုင်ဖို့ သင့်ရဲ့ Antivirus ကို Cloud Technology နဲ့ အချိန်တိုင်း Update ဖြစ်နေစေပါတယ်။
  • AVG Community Protection Network တတယ်လို့ AVG သုံးနေတဲ့သူတယောက်မှာ အမှတ်မထင် Melware အသစ်တခု ပုံစံတခု စတွေ့တာနဲ့ AVG သုံးတဲ့သူတွေအားလုံးနီးပါးမှာ အချိန်တိုအတွင်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
  • AVG LinkScanner Surf-Shield Smart Prevention Technology အရ သင် Internet သုံးနေတဲ့အခါ အန္တရာယ်ရှိတဲ့ link တွေကို စစ်ဆေးပြီး သတိပေးနေမယ့် အဖော်ကောင်းပါ။ တကယ်လို့ သင်က အမှတ်မထင် နှိပ်ခဲ့မိရင်တောင် သင့်ဆီကို အန္တရာယ် မကျရောက်အောင် ကူညီ ကာကွယ်ပေးပါလိမ့်မယ်။
  • AVG Social Networking Protection: Facebook, Twitter, စတဲ့ ထင်ရှားတဲ့ Social Network တွေရဲ့ သုံးနေရင်း ယုံကြည်စိတ်ချရမှုမရှိတဲ့ Link တွေ App တွေကို တားဆီးပေးပါတယ်။
  • AVG Online Shield သင့် file တခုကို Download မဆွဲခင်ကတည်းက ဒီ file ဟာလုံခြုံစိတ်ချရမှုရှိမရှိ စစ်ဆေးပေးပါတယ်။ 
  • AVG anti-spam သင်အင်တာနက်သုံးနေချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ Spammer တွေ Scammer တွေ သင့်ဆီ မရောက်လာအောင် ကာကွယ်ပေးပါတယ်။ သင့် Email ထဲရောက်လာတဲ့  သံသယ ဖြစ်ဖွယ်ရှိတဲ့ စာတွေ၊ Code တွေကို ဖယ်ရှားပေးပါတယ်။
  • AVG Do Not Track အင်တာနက် Website တွေကနေတဆင့် သင့်ရဲ့ အကြောင်းတွေ သင် ဘာတွေလုပ်လဲဆိုတာတွေ ဘယ် Website တွေကြည့်လဲ၊ ဘယ် Link တွေ နှိပ်လဲ၊ ဘာအကြောင်းတွေ စိတ်ဝင်စားလဲ စသဖြင့် သင့်ကို နောက်ယောင်ခံလိုက်ပြီး သင့် အကြောင်းတွေကို လိုက်လံစုဆောင်းနေတဲ့ Website တွေထဲကို သင့်စိတ်ကြိုက် ပိတ်လို့ရပါတယ်။ Internet Explorer, Mozilla, Chrome အားလုံး Support လုပ်ပါတယ်။
  • AVG Identity Protection သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သင့်ကိုယ်စား လုံခြုံစွာ စောင့်ရှောက်ပေးပါတယ်။ 
  • AVG Anti-spyware Spyware တွေ ၊ Adware တွေရဲ့ရန်ကနေ သင့်ရဲ့ အချက်အလက်တွေနဲ့ သင့်ကွန်ပျူတာကို ကာကွယ်ဖို့ပါ။
  • AVG WiFi Guard တကယ်လို့များ သင့်ဟာ Public access Wifi Network နဲ့ ချိတ်ဆက်ထားတယ်ဆိုရင်တောင်မှ WiFi Network ကနေတဆင့် တစုံတယောက်က သင့်ကွန်ပျူတာထဲကို ဝင်ရောက်ဖို့ ကြိုးစားလာတာနဲ့ သင့်ကို ချက်ချင်းအသိပေးပါလိမ့်မယ်။
  • AVG Enhanced Firewall သင်ဟာ အင်တာနက်သုံးနေတယ်ဆိုရင် ဒါမှမဟုတ် ကွန်ယက်တခုခုနဲ့ ချိတ်ဆက်ထားတယ် ဆိုရင် သင့်အပေါ်ကျရောက်လာမယ့် သင့်စက်ကို အန္တရာယ်ဖြစ်စေမယ့် အကြောင်းအချက် အခြေအနေ ပေါင်းများစွာကို ကာကွယ်ပေါးပတယ်။
  • AVG Turbo Scan တကယ်လို့များ သင်စက်ထဲကို File အသစ်တဖိုင် ဝင်လာတာနဲ့ ချက်ချင်း လျှင်လျှင်မြန်မြန်နဲ့ စစ်ဆေးပေးပါတယ်။
  • Game Mode သင်ဟာ Online Gamer တယောက်ဆိုရင် သင့်ဂိမ်းဆော့နေစဉ်မှာ ပြင်ပအနှောက်အယှက်တွေကြောင့် သင့်ဂိမ်းနှေးသွားတာမျိုး ရပ်သွားတာမျိုးမဖြစ်အောင် ကူညီပေးပါတယ်။ သင့်ရဲ့ Game Profile ကိုလဲ hacker တွေ အန္တရာယ်က ကာကွယ်ပေးခြင်းဖြင့် သင့် Game Reward တွေ Award တွေကို လုံခြုံစေပါတယ်။
  • AVG Smart Scanner သင် PC ကို မသုံးတဲ့ Idle stage မှာမှ အလိုအလျှောက် Scan လုပ်ပါတယ်။ သင် Mouse ဒါမှမဟုတ် keyboard တချက်နှိပ်လိုက်ရုံနဲ့ AVG ဟာ Low Priority Software အဖြစ် ပြောင်းပေးပါတယ်။ AVG ကြောင့် သင့်စက်မနှေးစေရပါဘူး။ Scan Time ကိုလဲ အရမ်းမြန်စေပါတယ်။ Scanned လုပ်ပြီးသား အပြောင်းအလဲမရှိတဲ့ Safe ဖိုင်တွေကို ထပ်မစစ်တော့ပါဘူး။ 
  • AVG Accelerator Internet Connection အတွက်မလိုအပ်တဲ့ အနှောက်အယှက်တွေကို ဖယ်ရှားတားဆီးပေးတဲ့အတွက် Connection ကို ပိုတည်ငြိမ် မြန်ဆန်စေပြီး Youtube လိုထင်ရှားတဲ့ Video Streaming တွေကနေ Video ကြည့်တာကို အထောက်အကူပြုပါတယ်။

AVG Internet Security 2015 Free Download with 1 Year Trial Serial Key
Huawei ရဲ့ AVG Internet Security 2014 Version ကို Upgrade လုပ်လို့ရပါတယ်။ 
အသစ်စသုံးမယ့်သူတွေအနေနဲ့ Official Page မှာ သွားပြီး Paid Installation Section ကနေ ကိုယ့်စက်နဲ့ ကိုက်ညီမယ့် Version ကို Download ဆွဲလိုက်ပါ။ 
အောက်က Link တွေကနေလဲ တိုက်ရိုက် ဆွဲနိုင်ပါတယ်။
Huawei Promotion License Key ကို ဒီ Link မှာ Download ဆွဲလိုက်ပါ။
မှတ်ချက်။   ။ဘယ်အချိန်အထိ Huawei Promotion License Key ကို Activate လုပ်လို့ရနေအုံးမယ် မသိပါဘူး။ အဲ့ဒီတော့ ကိုယ် Activate လုပ်လို့ အဆင်မပြေတော့ရင် Comment Box မှာရေးပေးခဲ့ပါ။ သုံးလို့မရလို့ ဒါမှမဟုတ် တခြား Internet Security တခုခု ပြောင်းသုံးချင်တယ် ဆိုရင်တော့ အောက်က Tool လေးသုံးပြီး ပြန်ဖြုတ်လိုက်ပါ။ 
AVG Remover 2015 32 bit 3 MB
AVG Remover 2015 64 bit 3 MB

Thursday, September 11, 2014

MiniTool Power Data Recovery Personal Edition Full version License Key

MiniTool Power Data Recovery Full Version License key


ကွန်ပျူတာသုံးတဲ့ လူအတော်များများဟာ အမှတ်မထင် ကိုယ်အသုံးမဝင်တော့ဘူးလို့ ထင်ပြီး ဖိုင်ဖျက်ပြီးမှ ပြန်သုံးစရာ ပေါ်လာတမျိုးတွေ၊ Harddisk ထိခိုက်ပျက်ဆီးလို့ ကိုယ့်ရဲ့ အဖိုးတန် Data တွေ ဆုံးရှုံးတာမျိုးတွေ၊ ကိုယ့်ဖာသာကိုယ် ကွန်ပျူတာ စမ်းသုံးရာက မထင်မှတ်ပဲ အကြောင်းကြောင်းကြောင့် data တွေပျက်ဆီးတာမျိုးတွေ ကြုံဖူးကြပါလိမ့်မယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ ဖုန်းထဲက၊ ကင်မရာ ထဲက၊ thumb drive စတဲ့ Portable media device တွေထဲက data တွေ ပြန်လိုချင်တာမျိုး ကြုံဖူးကြမှာပါပဲ။ အဲ့လို ကိုယ့်ရဲ့ ပျောက်ဆုံး ပျက်ဆီး နေပြီလို့ ယူဆရတဲ့ Data တွေကို Recovery လုပ်ဖို့အတွက်ဆို Data Recovery Software တွေသုံးဖို့လိုပါတယ်။
MiniTool Power Data Recovery ဟာ Recovery software တွေထဲကမှ နောက်ပိုင်းနှစ်တွေမှာ လူသုံးများလာတဲ့ Software တခုဖြစ်ပါတယ်။ သူရဲ့ Latest version 6.8 မှာ ဖိုင်အမျိုးအစား အသစ်တွေအများကြီးထပ်မံ ဖြည့်တင်းထားတဲ့အတွက် ကိုယ်ဖျက်မိတဲ့ဖိုင်ဟာ လူသုံးနည်းတဲ့ဖိုင်အမျိုးအစား ဖြစ်ပါစေ၊ နဂိုအတိုင်းပြန်ရအောင် ကူညီနိုင်ပါတယ်။
ဒီ Software ဟာ Recycle Bin ကို အမှတ်မထင် clean လုပ်ထားတဲ့ Data တွေကို ပြန်ရယူနိုင်ရုံသာမက၊ Shift+Delete နဲ့ဖျက်မိတဲ့ Data တွေ၊ Partition format ဖြစ်သွားတာမျိုးတွေ၊ corrupted hard drive တွေ၊ Virus ထိပြီး ပျက်ဆီးသွားတဲ့ ဖိုင်တွေ၊ အမှတ်မထငိ System shutdown ဖြစ်တာ၊ Software failture ဖြစ်တာကြောင့် ဖွင့်လို့မရတော့တဲ့ ဖိုင်တွေ Recovery လုပ်ရာမှာ အစွမ်းထက်ပါတယ်။ သူကို IDE, SATA, SCSI, USB hard disk, memory card, USB flash drive, CD/DVD, Blue-Ray Disk, IPad စတဲ့ drive အမျိုးမျိုးအတွက် အသုံးဝင်ပါတယ်။ 

သူ့မှာ ပျောက်ဆုံးသွားတဲ့ Data တွေကို ပြန်ရှာဖို့ Tools ၅ မျိုးရှိပါတယ်။ တို့ဖြစ်ပါတယ်။  Undelte Recovery, Damaged Partition Recovery, Lost Partition Recovery, Digital Media Recovery, နဲ့ CD & DVD Recovery ဆိုပြီး ရှိပါတယ်။ တမျိုးစီဟာ သက်ဆိုင်ရာ အလိုက် Recovery ပြန်ရှာတဲ့အခါ မတူညီတဲ့ နည်းစနစ်တွေ အသုံးပြုထားတဲ့အတွက် အရမ်းကို အသုံးဝင်တဲ့ Software လေးဖြစ်ပါတယ်။
ဒီ MiniTool Power Data Recovery Software ကို သူ့ရဲ့ Official Website မှာ $69 နဲ့ရောင်းပါတယ်။ အဲ့ဒါကို သူ့ရဲ့ Official Promotion Page မှာ အခမဲ့ ရယူနိုင်ပါတယ်။ 

Tuesday, September 9, 2014

Advanced System Care Pro 7 Full Version 1 Year License Free Download [Update:09.09.2014]

Advanced System Care Pro 7 Full Version 1 Year License [UPDATE: 09-09-2014]


သင့် PC ကွန်ပျူတာကို အကောင်းဆုံးလုပ်ဆောင်ရည်မှာ အမြဲရှိနေဖို့အတွက်ဆိုရင် အချိန်မှန် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ပေးနေဖို့ လိုအပ်ပါတယ်။ Hardware ကိုရော Operation System သာမက Installed Softwares တွေကိုပါ စနစ်တကျ ပြုပြင်ထိန်းသိမ်းဖို့လိုပါတယ်။ အဲ့ဒီလို Software တွေထဲက အခမဲ့ Free software အများစုဟာ (ဥပမာ၊၊ ၊ CCleaner) လုပ်ဆောင်ရည် အပြည့်အဝမရပါဘူး။ တချို့ Feature တွေလိုချင်ရင် Paid Version ကို ဝယ်ခိုင်းပါတယ်။ 
အခု Advanced System Care Ultimate (Paid Version) ကတော့ အမြဲနောက်ကွယ်ကနေ သင့် PC ရဲ့ လုပ်ဆောင်ရည်ကို အလိုအလျှောက် ထိန်းညှိ မြှင့်တင်ပေးနေမှာဖြစ်ပါတယ်။  ပုံမှန် Quick Scan ကို အမြဲလုပ်ပေးပြီး  Deep Scan လုပ်ဖို့လဲ သတိပေးတတ်ပါတယ်။ အဲ့လိုမျိုးဆိုတော့ သင့် Computer အမြဲပေါ့ပါး သွက်လက်နေပြီး အကောင်းဆုံး အခြေအနေမှာ ရှိနေစေမှာ အသေအချာပါပဲ။

Advanced System Care product တွေဟာ IObit ရဲ့ ထုပ်ကုန် Software တွေထဲက အကျော်ကြားဆုံးဖြစ်ပါတယ်။ All-in-One PC care Service ဖြစ်ပြီး Melware Removal, Registry Fix, Privacy Protection, Performance Tune-up နဲ့ System Cleaning တွေကို လုပ်ဆောင်ပေးပါတယ်။ နောက်ပြီး Superior safer online နဲ့ Internet Boost Technology တွေနဲ့ ပါဝင်ပါတယ်။

Main features
»  Boosts, cleans, and fixes all kinds of PC problems automatically 
»  Speeds up PC startup, Internet connection, and the whole performance
»  Protects you against spyware and adware in real time
»  Backup to locally connected hard disks and USB flash drives
»  Organizes system resources intelligently for maximum PC performance

Thursday, September 4, 2014

IObit Driver Booster v1.5 PRO 6 months License Free Download [Update: 04.09.2014]

IObit Driver Booster v1.5 PRO 6 months License



PC ကွန်ပျူတာ တလုံးရဲ့ Stability နဲ့ Performance အကောင်းဆုံးရရှိဖို့အတွက်ဆိုရင် PC maintenance ကောင်းကောင်းလုပ်ဖို့ နဲ့ မှန်မှန် လုပ်ဖို့ အရေးကြီးပါတယ်။ အဲ့ဒီ PC Maintenance ထဲမှာမှ Driver တွေကို Update လုပ်တာဟာလဲ အရေးပါတဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။  ငါ့စက် သုံးလို့ရနေတာပဲ Driver ကလဲ Hardware တွေကို သိနေတာပဲဆိုပြီး ဒီအတိုင်းမထားသင့်ပါဘူး။ အမြဲတမ်း မှန်မှန် စစ်ဆေးသင့်ပါတယ်။

ကွန်ပျူတာ hardware တခုခု ပြဿ    နာဖြစ်တာနဲ့ ပထမဦးဆုံး စ စဉ်းစားရတာက သက်ဆိုင်ရာ driver ပါပဲ။ အဲ့ဒီ Hardware တွေရဲ့ Driver တွေကို  တချုချင်းစီလိုက်ပြီး Manually စစ်ဖို့ ဆိုတာ အပြောတာလွယ်တာပါ။ လက်တွေ့က တကယ်ခက်ပါတယ်။ အလုပ်လဲ အလွန်ရှုပ် သလို ကိုက်ညီတဲ့ Driver တွေထဲကမှ အသင့်တော်ဆုံး အဆင်အပြေဆုံး နဲ့ အကောင်းဆုံး ကိုရွေးဖို့ဆိုတာ ထင်ထားတာထက် အများကြီး ပိုခက်ပါတယ်။ အဲ့ဒီပြဿ      နာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ Driver Update လုပ်ပေးတဲ့ Software တခုခုကို ရွေးချယ် အသုံးပြုခြင်းဟာ အကောင်းဆုံးပါပဲ။ 

IObit Driver Booster PRO ကတော့ Click တချက်နှိပ်ရုံနဲ့ လိုအပ်တဲ့ Driver တွေကို အလိုအလျှောက် Update ဖြစ်တဲ့ Driver ကိုရှာပေးမယ်၊ Download ဆွဲမယ် ပြီးရင် Install လုပ်ပေးသွားမှာဖြစ်ပါတယ်။  IObit Driver Booster Free Version လဲရှိပါတယ်။ Free Version နဲ့ Pro Version  ကွာခြားချက်တွေကို အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။

အဲ့ဒီ ဆော့ဖ်ဝဲကို သူ့ရဲ့ Official Website http://www.iobit.com/driver-booster.php  မှာ တနှစ် စာအတွက် $28.95 နဲ့ရောင်းပါတယ်။ 

Update: 04.09.2014
အဲ့ဒါကို (၀၅.၀၉.၂၀၁၄ - ၁.၃၀ နေ့လည် ) မတိုင်မှီ Install လုပ်ပြီး activate လုပ်မယ်ဆိုရင် ၆ လအခမဲ့ အသုံးပြုနိုင်ပါတယ်။
--------------------------------------------------------------------------------------------------------------------------------------------------------------
Update: 02.09.2014
အဲ့ဒါကို (၀၃.၀၉.၂၀၁၄ - ၁.၃၀ နေ့လည် ) မတိုင်မှီ Install လုပ်ပြီး activate လုပ်မယ်ဆိုရင် ၆ လအခမဲ့ အသုံးပြုနိုင်ပါတယ်။
--------------------------------------------------------------------------------------------------------------------------------------------------------------
အဲ့ဒါကို (၂၉.၀၈.၂၀၁၄ - ၁.၃၀ နေ့လည် ) မတိုင်မှီ Install လုပ်ပြီး activate လုပ်မယ်ဆိုရင် ၆ လအခမဲ့ အသုံးပြုနိုင်ပါတယ်။


Tuesday, September 2, 2014

ညစ်ညမ်း Website တွေရဲ့ အန္တရာယ်ကနေ ဘယ်လိုတားဆီးမလဲ။ No Porn Site


No Porn Site for Children

အခုနောက်ပိုင်း သတင်းစာတွေ ဂျာနယ်တွေမှာ လိင်အကြမ်းဖက်မှုသတင်းတွေ မကြာမကြာတွေ့နေကြားနေရပါတယ်။ အလယ်တန်း ကလေးတွေရဲ့ လက်ထဲမှာလဲ ဖုန်းလေးတွေ တွေ့တွေ့လာနေရတယ်။ အိမ်တွေမှာ ကွန်ပျူတာသုံးတဲ့ အလေ့အထကလဲ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ စပြီး တွင်ကျယ်လာနေပါပြီ။  အဲ့ဒီ ဖုန်းတွေ၊ ကွန်ပျူတာတွေ ကတဆင့် ငယ်ရွယ်နုနယ်သေးတဲ့ ကလေးငယ်တွေကို အင်တာနက်ပေါ်က ညစ်ညမ်း Website တွေရဲ့ အန္တရာယ်က ကာကွယ်ပေးဖို့ လိုအပ်နေပါတယ်။ အဲ့ဒါညစ်ညမ်း Website တွေ ကနေ ကာကွယ်ပေးနိုင်မယ့် နည်းပေါင်းများစွာထဲကမှ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ ငွေကုန်စရာမလိုတဲ့ နည်းလမ်းကောင်းလေးတခုကို ဝေမျှချင်ပါတယ်။ အဲ့ဒီနည်းလမ်းက ညစ်ညမ်း Website တွေတင်သာမကပါဘူး ယုံကြည်စိတ်ချရမှုမရှိတဲ့ လိမ်စားညာစား Website အတော်များများကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ အားလုံးကို ကာကွယ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ Completely Protected တော့မဟုတ်ပါဘူး။ Family Shield သာဖြစ်ပါတယ်။ 

Family Shield Open DNS 
208.67.222.123
208.67.220.123

ပထမဦးစွာ Family Shield Setup မလုပ်ခင် အခြေအနေနဲ့ Setup လုပ်ပြီး အခြေအနေ တွေကို နှိုင်းယှဉ်ပြတာပါ။




Monday, September 1, 2014

Personal Monitor 2014 Full Version Free Download

Personal Monitor 2014 Full Version 


Personal Monitor 2014 ဟာ ကွန်ပျူတာတလုံး လုပ်သမျှ activity တွေကို မှတ်တမ်းတင်ဖို့အတွက်ဆိုရင် စွမ်းဆောင်ရည် ကောင်းတဲ့ Program တခုဖြစ်ပါတယ်။ personal privacy အရ သူများ PC မှာသွားပြီး Install မလုပ်သင့်ပါဘူး။ ဒါပေမယ့် Child Safety အတွက် ဒါမှမဟုတ် အလုပ်ထဲမှာ ကိုယ့် PC ကို ပြောမကောင်း တားမရ တဲ့ လူနိုင် တွေက မကြာမကြာ လာသုံးတတ်တယ် ဆိုရင်တော့ သူတို့လုပ်တာတွေကို မှတ်တမ်းတင် ထားဖို့ တကယ်အသုံးဝင်တဲ့ Program လေးပါ။ သူက ဘယ် Program တွေ run သွားတယ်။ Keyboard ကနေ ဘာတွေ ရိုက်လဲ က အစ မှတ်တမ်းတင်နိုင်ပါတယ်။ နောက်ပြီး Personal Monitor 2014 က Website Address တွေကိုလဲ ပိတ်ထားနိုင်ပြီး PC ရဲ့ monitor ကို Snap Screenshot ရိုက်ခိုင်းထားလို့ရပါတယ်။ 

မှတ်တမ်းတင်ထားတဲ့ Record တွေကိုလဲ FTP နဲ့ Online Server ပေါ်မှာ သိမ်းထားပေးနိုင်သလို၊ Email နဲ့ ကိုယ့်ဆီ ပို့ခိုင်းလို့ရပါတယ်။ နောက်ပြီး မှတ်တမ်း data တွေကို လ အလိုက် နေ့အလိုက် 2D, 3D Chart တွေနဲ့ Report ထုတ်ပေးနိုင်ပါသေးတယ်။ 

အကောင်းဆုံးအချက်ကတော့ ဒီ Program မှာ Visible mode (stay in system tray) နဲ့ Silence mode (hidden from system tray) ဆိုပြီး ၂ မျိုးရှိပါတယ်။ 

အဲ့ဒီ Program ကို Official Website မှာ $39.95 နဲ့ရောင်းပါတယ်။ အဲ့ဒါကို အောက်မှာ အခမဲ့ Download ရယူလိုက်ပါ။