MiniTool Power Data Recovery Full Version License key
ကွန်ပျူတာသုံးတဲ့ လူအတော်များများဟာ အမှတ်မထင် ကိုယ်အသုံးမဝင်တော့ဘူးလို့ ထင်ပြီး ဖိုင်ဖျက်ပြီးမှ ပြန်သုံးစရာ ပေါ်လာတမျိုးတွေ၊ Harddisk ထိခိုက်ပျက်ဆီးလို့ ကိုယ့်ရဲ့ အဖိုးတန် Data တွေ ဆုံးရှုံးတာမျိုးတွေ၊ ကိုယ့်ဖာသာကိုယ် ကွန်ပျူတာ စမ်းသုံးရာက မထင်မှတ်ပဲ အကြောင်းကြောင်းကြောင့် data တွေပျက်ဆီးတာမျိုးတွေ ကြုံဖူးကြပါလိမ့်မယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ ဖုန်းထဲက၊ ကင်မရာ ထဲက၊ thumb drive စတဲ့ Portable media device တွေထဲက data တွေ ပြန်လိုချင်တာမျိုး ကြုံဖူးကြမှာပါပဲ။ အဲ့လို ကိုယ့်ရဲ့ ပျောက်ဆုံး ပျက်ဆီး နေပြီလို့ ယူဆရတဲ့ Data တွေကို Recovery လုပ်ဖို့အတွက်ဆို Data Recovery Software တွေသုံးဖို့လိုပါတယ်။
MiniTool Power Data Recovery ဟာ Recovery software တွေထဲကမှ နောက်ပိုင်းနှစ်တွေမှာ လူသုံးများလာတဲ့ Software တခုဖြစ်ပါတယ်။ သူရဲ့ Latest version 6.8 မှာ ဖိုင်အမျိုးအစား အသစ်တွေအများကြီးထပ်မံ ဖြည့်တင်းထားတဲ့အတွက် ကိုယ်ဖျက်မိတဲ့ဖိုင်ဟာ လူသုံးနည်းတဲ့ဖိုင်အမျိုးအစား ဖြစ်ပါစေ၊ နဂိုအတိုင်းပြန်ရအောင် ကူညီနိုင်ပါတယ်။
ဒီ Software ဟာ Recycle Bin ကို အမှတ်မထင် clean လုပ်ထားတဲ့ Data တွေကို ပြန်ရယူနိုင်ရုံသာမက၊ Shift+Delete နဲ့ဖျက်မိတဲ့ Data တွေ၊ Partition format ဖြစ်သွားတာမျိုးတွေ၊ corrupted hard drive တွေ၊ Virus ထိပြီး ပျက်ဆီးသွားတဲ့ ဖိုင်တွေ၊ အမှတ်မထငိ System shutdown ဖြစ်တာ၊ Software failture ဖြစ်တာကြောင့် ဖွင့်လို့မရတော့တဲ့ ဖိုင်တွေ Recovery လုပ်ရာမှာ အစွမ်းထက်ပါတယ်။ သူကို IDE, SATA, SCSI, USB hard disk, memory card, USB flash drive, CD/DVD, Blue-Ray Disk, IPad စတဲ့ drive အမျိုးမျိုးအတွက် အသုံးဝင်ပါတယ်။

သူ့မှာ ပျောက်ဆုံးသွားတဲ့ Data တွေကို ပြန်ရှာဖို့ Tools ၅ မျိုးရှိပါတယ်။ တို့ဖြစ်ပါတယ်။ Undelte Recovery, Damaged Partition Recovery, Lost Partition Recovery, Digital Media Recovery, နဲ့ CD & DVD Recovery ဆိုပြီး ရှိပါတယ်။ တမျိုးစီဟာ သက်ဆိုင်ရာ အလိုက် Recovery ပြန်ရှာတဲ့အခါ မတူညီတဲ့ နည်းစနစ်တွေ အသုံးပြုထားတဲ့အတွက် အရမ်းကို အသုံးဝင်တဲ့ Software လေးဖြစ်ပါတယ်။
ဒီ MiniTool Power Data Recovery Software ကို သူ့ရဲ့ Official Website မှာ $69 နဲ့ရောင်းပါတယ်။ အဲ့ဒါကို သူ့ရဲ့ Official Promotion Page မှာ အခမဲ့ ရယူနိုင်ပါတယ်။
Official Promotion Page က ၁၁ ရက် စက်တင်ဘာမှ Subscribed button စပြီး Live ဖြစ်ပါလိမ့်မယ်။ အီးမေးလ် address လေးထည့်ပေးလိုက်ရင်ရပါပြီ။
MiniTool Power Data Recovery Free Edition 9.53MB
Key ကိုတော့ Promotion Page မှာပဲ ယူလိုက်ပါ။ (၁၃-၀၉-၂၀၁၄ အတွင်းသာဖြစ်ပါတယ်။)
မှတ်ချက်။ ။သတ်မှတ်ရက် (၁၁-၀၉-၂၀၁၄ ကနေ ၁၃-၀၉-၂၀၁၄ အတွင်း) ကျော်သွားရင်တော့ Promotion Page ကိုဖွင့်လို့ရမှာမဟုတ်တော့ပါဘူး။ ဖွင့်လို့ရရင်လဲ key ရ မရ၊ Activate လုပ်လို့ရမရ အာမမခံပါ။

0 comments:
Post a Comment